CHAPTER - 1

7.4K 304 236
                                    

#Zawgyi

In 1960, London
At 7:00 A.M

' တီ~ တီ~ '

ကားသံများဖြင့်ဆူညံနေသည်။သို့သော်
လှပသည့် လန်ဒန်မြို့မြင်ကွင်းကြီးဟာ သူ့အတွက်တော့ သဘောကျရသည့် မြင်ကွင်းပေါ့။

ဒယ်ဒီရဲ့စကားကြောင့် သံတမန်အနေဖြင့်
လန်ဒန်ရဲ့သမ္မတနဲ့လာတွေ့ခြင်းပေ။
ဒယ်ဒီက ကိုရီးယား၏သံအမတ်ဖြစ်သည်မို့
ကျွန်တော်က ဖခင်ဖြစ်သူရဲ့နေရာကိုဆက်ခံရမှာမို့
ဒီကြားထဲ နိုင်ငံရေးကိစ္စဖြင့် လန်ဒန်ကို လာရောက်လည်ပတ်ရခြင်းဖြစ်သည်။
ဒယ်ဒီကကျွန်တော့်အတွက် လမ်းညွှန်ရှာပေးထားသည်တဲ့။
အခုတော့ တစ်ယောက်ထည်းသာလည်ပတ်
ချင်သေးတာမို့ လျှောက်ကြည့်နေမိသည်ပေါ့။

သူကတော့ ဂင်မ်ဗန့်ထ်။မိဘများကတော့
ကိုရီးယားမှာကျန်ခဲ့သည်ပေါ့။သူ၏မိဘများက
ဖခင်ကဟန်းဂုလူမျိုးစစ်စစ်၊မိခင်ကတော့
ဗြိတိန်သူမို့ ဂင်မ်ဗန့်ထ်ဆိုသူက ကပြားပေါ့။
ရုပ်ရည်ရူပကာက ဖခင်ဖြစ်သူနဲ့တူသည်မို့
ခန့်ညားချောမောခြင်းကိုပိုင်ဆိုင်ထားသည်။
အသားအရည်က ဗြိတိန်သူနဲ့ဆက်ထားသည်မို့
့ဖြူဖွေးသည်။

ဟိုတယ်၌သူ၏အသုံးအဆောင်အိတ်များကို
ထားခဲ့ကာ လန်ဒန်မြို့တစ်ပတ်ကင်မရာအား
ယူကာလျှောက်ကြည့်နေသည်။ထိုစဉ်
ကိုရီးယား၌ကျန်ခဲ့သည့်မိဘများအား စိတ်မပူစေရန်ဖုန်းဆက်ဖို့အတွက် သူမေ့လျော့သွားခဲ့သည်။ထိုသည်မို့ အနီးနားက
တယ်လီဖုန်းတဲလေးများထံသို့ လျှောက်လှမ်း
လာသည်။

" အာ...ကိုယ့်နိုင်ငံမဟုတ်တော့ အခက်တွေ့လိုက်တာကွာ "

ဩရှရှအသံပိုင်ရှင်ဟာ ငြီးငြူလိုက်သည်။
သူ့အတွက်တော့ အမိမြေဟာပိုကောင်းသည်မို့
ငြီးငြူခြင်းဖြစ်သည်။သို့သော် သူသတိရသည်က
မိခင်ဖြစ်သူ၏ မွေးရပ်မြေကလန်ဒန်မြေမဟုတ်
လား။သည်တော့ ထိုစကားကိုနှုတ်ပိတ်ထားရမှာ
ဖြစ်သည်။

ထို့နောက် အနီရောင်ရှိသည့်တယ်လီဖုန်းတဲက
တကယ့်ကိုသပ်ရပ်သည်။သူလည်းအထဲဝင်ရင်း
ဖုန်းခေါ်ဖို့အတွက် အကြွေစေ့တစ်စေ့ထည့်ကာ နံပါတ်လေးများကိုလှည့်နေသည်။
ထို့နောက်တွင်မှု တစ်ဖက်မှမာမီ့အသံလေးကို
ကြားရသည်။

8 Letters ( Completed )Where stories live. Discover now