"ဒီနေ့လည်း မလာပြန်ဘူးလား??"
"အင်း....ဖုန်းဆက်တာလည်းမကိုင်ဘူး
ဒီကောင်ဘာဖြစ်နေတာလဲ မသိဘူး""ဒါနဲ့ ....မင်းနဲ့ဂျုံအင်ဟျောင်းနဲ့ရော အခြေအနေဘယ်လိုလဲ?"
"ဒီလိုပါပဲကွာ သူ့မှာကောင်မလေးရှိပြီးသားကို
ငါကဘာတတ်နိုင်ဦးမှာလဲ..""ဒါဆိုလည်း သူ့ကိုမေ့လိုက်ပါတော့ကွာ
ဒီပုံစံအတိုင်းဆို မင်းဘဲနာကျင်ရမှာ""နာကျင်ရလည်း ဆက်ချစ်နေဦးမှာပဲ..
ငါမှ သူ့ကိုမမေ့နိုင်တာ...""ဂယောင်ဆူးရာ...."
"မင်း ငါ့နာမည်ကို ခေါ်တာ ဒါပထမဆုံးလို့ထင်တာပဲ..."
"မင်းကတော့ကွာ....."
ကျောင်းဆင်းတော့ သူငယ်ချင်းနှစ်ယောက်သား ချန်းယောလ်အိမ် သို့သွားကြသည်၊
"အားရီ ....ချန်းယောလ်ရှိလားဗျ!!
ကျောင်းလည်းမလာလို့ ဖုန်းဆက်တာလည်းမကိုင်ဘူး..""အော်.....သားတို့ပါလား!
သားယောလ်ရှိတယ် အပေါ်ထပ်မှာဟိုတစ်ရက်ကမိုးမိတယ်ထင်တယ်
အားရီပြန်လာတော့ အဖျားတွေတက်နေလို့ ကျောင်းလည်းမသွားနိုင်ဘူး...
အားရီလည်းဆိုင်မဖွင့်နိုင်ဘူးလေ..
သားယောလ်အခန်းထဲသာသွားကြည့်လိုက်ကြတော့..""ဟုတ်!!"
.
."ဘယ်လိုဖြစ်တာလဲကွ ဟိုတစ်နေ့ကအမူးလွန်ပြီး
မိုးတောထဲမှာ ဒွန့်နေလို့လား..??"*ဟား....ဟား...ဟာ..ဟ........အဟမ်း!
"ဆောရီး.."
"ရပါတယ်...ဘာလာလုပ်ကြတာလဲ"
"မင်းကျောင်းမလာတာနှစ်ရက်ရှိပြီလေ...အဲဒါ..မင်းကိုစိတ်ပူလို့လာကြည့်ကြတာ....
မင်း..သက်သာရဲ့လား??"
"သက်သာပါတယ်.."
"စာအုပ်တွေပေးခဲ့လိုက်လေ.....လွတ်သွားတဲ့စာတွေ
ငါတို့နှစ်ယောက်ကူးထားပေးမယ်""အင်း..."
"ငါတို့သွားပြီးနော်....လိုတာရှိရင်ဖုန်းဆက်လိုက်"