【17】

1.2K 160 30
                                    

⟨ Unicode Version ⟩
* Me, Myself & Bad Romance *
- အပိုင်း ၁၇ -

" နောက်ဆုံးအနေနဲ့ အလုပ်သင်တွေက နာမည်ကြီးမော်ဒယ်ရဲ့ အမှုအစီရင်ခံစာတင်ပြချက်ကို စာတမ်းလုပ်ရမယ် ... မင်းတို့ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး HYPE ဥပဒေရေးရာအဖွဲ့က ပြန်လည်စစ်ထုတ်သွားပါမယ် ... လုပ်ငန်းခွဲတွေရှိပေမယ့် Entertainment အတွက်တော့ ရှေ့နေအများကြီး ရှိစရာမလိုဘူးလေ  ~~ အဲ့ဒီ့တော့ အခုဆို ဌာနခွဲအသီးသီးက ရှေ့နေအလုပ်သင် ၂၅ယောက်ရှိမယ် ... HYPE ရဲ့ရှေ့နေအဖွဲ့ချုပ်အနေနဲ့ နှစ်ယောက်ပဲ ရွေးချယ်ပါမယ် ... အဲ့ဒီ့နှစ်ယောက်က HYPE Entertainment အတွက် permanent staff တွေဖြစ်လာမှာပါ ... ကျန်တဲ့သူတွေကလည်း အားငယ်စရာမရှိပါဘူး ... လက်ရှိလုပ်နေတဲ့ရုံးခွဲကလည်း HYPE နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေပဲဆိုတော့ .... ~~ ဘာဖြစ်ဖြစ် ကြိုးစားကြဖို့ မျှော်လင့်ပါတယ် ..."

စာတမ်းလုပ်နေရင်း နေ့လည်အစည်းအဝေးမှာ အထက်လူကြီးပြောသွားတဲ့ အကြောင်းပြန်ကြားမိတော့ သက်ပြင်းချလိုက်မိသည်။ သူ့အနေနဲ့ ဒီထဲမှာ ပါသွားရင် တက်လမ်းရှိနိုင်ပေမယ့် ကိုကိုနဲ့အနီးကပ်ဆုံးနေရာမှာ ရှိနေရတော့မှာဖြစ်သည်။ ရှင်းရှင်းပြောရရင် လုပ်ငန်းခွင်မှာ သူ ကိုကိုနဲ့ မဆုံချင်ပါ။ အကုန်လုံး အလွဲလွဲအမှားမှား လုပ်မိပြီး ကိုကို့ဆီပဲ အာရုံရောက်နေမှာမို့လို့ဖြစ်သည်။ ကိုကိုဟာ ဆက်ခံသူဖြစ်ကြောင်း ဂုဏ်ပြုပွဲမလုပ်ရသေးပါ၊ ကုမ္ပဏီအထက်ပိုင်းကသာ သိပြီး ကျန်တဲ့ဌာနခွဲတွေကတော့ ကိုကို့အကြောင်းမသိသေး။ အဲ့ဒီလိုပဲ သူလက်ထပ်ထားတဲ့အကြောင်းကိုလည်း သူ့ဌာနက လုပ်ဖော်ကိုင်ဘက်တွေက မသိသေး။  လက်ထပ်ထားတာဟာ သူ့အလုပ်သင်ဘဝအတွက် ထိခိုက်နိုင်ချေအများကြီးရှိသည်မို့လေ။

ကိုကို့အနေနဲ့လည်း အသိုင်းအဝိုင်းကြားမှာသာ သူ့ကို ကြီးကြီးကျယ်ကျယ်လက်ထပ်ထားခဲ့ပေမယ့် အများရှေ့မှာတော့ မချပြသေးပါ။ အနုပညာလောကထဲလည်း အရင်လို အတည်တကျ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသလို အနုပညာလှုပ်ရှားမှုတွေ အကုန်လုံး အခုထိ ရပ်တန့်ထားဆဲ။ ပရိသတ်တစ်ချို့ကသာ ကို့ကို့ရဲ့အရင်တုန်းက အကြောင်းတွေ ပြန်တင်ပြီး ကိုကိုပြန်လာမှာကို မျှော်နေကြဆဲ ဖြစ်သည်။

You'll also like

          

" ဂျောင်ဂု! Overtime လား .. "

" ဟုတ်တယ် စီနီယာကင် ~ စီနီယာက ပြန်တော့မှာလား ... "

" အင်း ~~ ကူညီပေးရမလား "

စီနီယာကင်က ပြောလာလေတော့ သူ ပြုံးရင်း ခေါင်းခါမိသည်။

" ဟင်အင်း ~~ ရပါတယ် .... ကျွန်တော့်ကို ကူညီလိုက်ရင် တခြားသူတွေအတွက် ဘယ်တရားပါ့မလဲ .."

သူနဲ့အတူတူ စာတမ်းလုပ်နေရတဲ့ အချိန်ပိုဆင်းသူတွေကို ကြည့်ပြီး ပြန်ပြောမိတော့ စီနီယာက ပါးချိုင့်တွေထင်းလာတဲ့အထိ ပြန်ပြုံးသည်။ ထူးထူးဆန်းဆန်း စီနီယာပြုံးတာ အခုမှ မြင်ဖူးတဲ့အတွက် သူ ကြောင်အအလေး ဖြစ်သွားရသည်။

" ဘယ်လိုဖြစ်ဖြစ် ~~ ဒီရုံးထဲက တစ်ယောက်ကတော့ သေချာပေါက် ပါမယ်လေ ... စာချုပ်မှာကတည်းက အဲ့ဒီလိုပါတာမို့ အဲ့ဒီ့တစ်ယောက်က ဂျွန်ဂျောင်ဂု ဖြစ်ဖို့ မျှော်လင့်ပါတယ် ... "

" ... ကျွန်တော်ရော အဲ့ဒီလိုပဲ မျှော်လင့်ထားပါတယ် ..."

" ကဲ ဒါဆို သွားပြီနော် "

‌နှုတ်ဆက်ရင်း သူ့ခေါင်းကို စနောက်သလို ပွတ်သပ်ကာ ထွက်သွားတော့ သူလည်း သူ့ ဆံပင်တွေကို ပြန်သပ်ရင်း ပြုံးလိုက်မိသည်။ ဒီနေ့စီနီယာကင် ကောင်လေးနဲ့ အဆင်ပြေနေတဲ့ပုံပင်၊ အဲ့ဒါကြောင့် သူ့ကို ရုပ်တည်ကြီးနဲ့ မဆက်ဆံတာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူ့ကို ကူညီပေးဖူးသည်မို့ စီနီယာကင်ကိုတော့ ဘယ်သူအပြစ်မြင်မြင်၊ သူအပြစ်မမြင်နိုင်ပင်။

အဲ့ဒီ့နောက် သူ အလုပ်ရုံးခန်းလေးထဲ စာတမ်းအတွက် ပြင်ဆင်နေမိတော့သည်။ သူ့ဘဝမှာ အရမ်းအောင်မြင်တာမျိုး မရှိလည်း အဆင်ပြေပေမယ့် သာမန်အတင့်အတင့်လောက် ရိုးရိုးရှင်းရှင်းနေထိုင်‌နိုင်ဖို့တော့လိုပါသည်။


ထိုမြင်ကွင်းကိုတော့ ကြည့်နေခဲ့တဲ့သူက ကင်ဆော့ဂျင် ~~~ ။

" ဆရာ ~~ ဒီနေ့ အိမ်ပြန်ဦးမှာလား ... "

" ဂျောင်ဂုက ဘာလို့ ရုံးမဆင်းသေးတာလဲ ... သူ့ရုံးက overtime လား "

Me, Myself & Bad Romance【Completed】 Where stories live. Discover now