အခန်း(၅)

227 14 1
                                    

⬦unicode⬦

ဒီဇင်ဘာလရဲ့ နေ့လည် (၂)နာရီခန့်က အအေးဓာတ်ပေါ့သော ဒေသဖြစ်သော်ငြား နေရောင်တို့က သိပ်မပြင်းလှ။ အတော်လေးနေလို့ထိုင်လို့ကောင်းမယ့် ရာသီဥတုမျိုး။
ဗံဒါပင်ကြီးရဲ့ အရိပ်ကြောင့်လည်းပါမည်ထင်သည်။

ထိုဗံဒါပင်အောက်ရှိအုတ်ခုံပေါ်တွင် ထိုင်နေဆဲဖြစ်သည့် ကောင်လေးကတော့ အေးအေးချမ်းချမ်းသိပ်မရှိလှ။နဂို
ခပ်အေးအေးရှိလှသည့် မျက်နှာပေါ်တွင် တစ်ခုခုကို ပူပန်နေသယောင်ရှိလှသည်။

ထိုစဉ် သံပန်းတံခါးက အသံကျယ်ကျယ်လောင်လောင်အော်မြည်ရင်းပွင့်လာ၏။

"ဇေဘုန်းထွဋ် ..?"

"အာ...နေလင်းသွေး"

ရုတ်တရက် နေလင်းသွေးထွက်လာသောဖြစ်ရပ်ကြောင့်
ဇေဘုန်းထွဋ်မှာ ထိုင်ရမလို၊ထရမလို ။ သူက နေလင်းသွေး
တို့အိမ်ရှေ့မှာလာထိုင်နေတာလေ။

"ဒီမှာ ဘာထိုင်လုပ်နေတာလဲ..."

"ဟို..မင်းဆီလာတာ"

နေလင်းသွေးကသာ အခုမှအိပ်ယာထလာပြီး ဆံပင်က စုတ်ဖွာကာ ကွာတားဘောင်းဘီတိုနဲ့ဖြစ်ပေမယ့် ဇေဘုန်း
ထွဋ်ကဟူဒီအနက်တစ်ထည်ကို ဂျင်းအပွနှင့်တွဲဝတ်ထားကာ ဆံပင်‌တို့ကလည်း သူ့ပုံစံအတိုင်း ဂျယ်နည်းနည်းဖြင့်
ပုံသွင်းထားသည်။မသိရင် ကောင်မလေးကို လာစောင့်နေတဲ့ ရည်းစားဒီဇိုင်းမျိုးနဲ့ ။

"အဲ့ဒါအိမ်ထဲဝင်မလာပဲနဲ့ ဒီမှာဘာလို့ထိုင်နေတာလဲ..
ငါသာထွက်မလာဖြစ်ရင် ဘယ်ချိန်ထိထိုင်မလို့စိတ်ကူးထားလဲ မင်း"

သူ့ရှေ့မှာရပ်ကာ အူလည်လည်နဲ့‌လုပ်နေသော ကောင်ကို
နေလင်းသွေးစိတ်မရှည်တော့၍ အသံကနည်းနည်းမာသွားသည်။ဘယ်ကတည်းက ထိုင်နေလဲ မသိဘူး။သူထိုင်တဲ့ ဘေးမှာချထားတဲ့ ‌ချိုချဉ်ခွံတို့က အများကြီး တစ်ခုပေါ်တစ်ခုထပ်ကာအမှီသဟဲပြုလျက် ငြိမ်သက်နေကြသည်။

"မင်း ငါ့ကိုစိတ်ဆိုးနေသေးတယ်ထင်လို့"

အဲ့ဒါက မနေ့ညကသူ့စိတ်ထဲနည်းနည်းအဆင်မပြေဖြစ်နေလို့ ဇေဘုန်းထွဋ်ကို စကားမပြောပဲနေခဲ့တာလေ။ဒါပေမယ့်
ညကတည်းက စကားပြန်ပြောနေတာကို ဘာကို စိတ်ဆိုးတယ်ထင်နေတာလဲ ဒီကောင်။

You've reached the end of published parts.

⏰ Last updated: Feb 04, 2023 ⏰

Add this story to your Library to get notified about new parts!

ဝှက်ထားချင်တဲ့ ကျူးလစ်အဝါ [ONGOING]Where stories live. Discover now