နောက်ပိုင်း တွေ မောင်က မနက်တိုင်း ၈ခွဲဆို Good Morning လို့ အမြဲပို့တယ်..
ကျွန်မကို အလုပ်မှာအဆင်ပြေရဲ့လားလည်း မေးတယ်..သူကတော့ တစ်နေ့လုံးလည်း ဘယ်အချိန်မှာ meeting ရှိပြီး ဘယ်သူ့ဆီသွားရမယ့်အကြောင်း ,,အလုပ်က pressure များတဲ့အကြောင်း ,တချို့ client တွေက ဘယ်လို complaints တက်တဲ့အကြောင်း, paper work တွေက ဇက်ကြောတတ်တဲ့အကြောင်း ..ကျွန်မကို message လေးပို့ပြီး ပြောတတ်လေ့ရှိတယိ..
ညတိုင်းလည်း ပြန်ရောက်ပြီလားက စပြီး တစ်ညလုံးဖုန်းပြောဖြစ်ကြတယ်..
'ထနောင်း fav song ဘာလဲ..'
'ကျွန်တော် It's you' အမ..
'ဪ Ali gatie song ပေါ့'
'ဒါပေါ့ အမရော'
'အမ ခုတစ်လော dandelions နားထောင်နေတယ် အရမ်းကြိုက်လို့'
'ဟာ ကျွန်တော်လည်း အရမ်းကြိုက်တယ်..အဲ့သီချင်း'
'လျှောက်ပြောပြန်ပြီ လိုက်တူနေတာမလား'
'တကယ်ပါဆို အမနဲ့ကျွန်တော်နဲ့ တူတာများတယ်လေ..music taste လည်းတူမှာပဲ'
'အာ့ဆို ခုအမ နားထောင်နေတဲ့ အရမ်းကြိုက်တဲ့ မြန်မာ သီချင်းတစ်ပုဒ်ရှိတယ် နားထောင်ချင်လား''ကျွန်တော်နားထောင်ချင်တယ်ဗျ'
'ok'ကျွန်မ လတ်တလော နားထောင်ဖြစ်နေတဲ့ အဆိုတော် Moe Htet ရဲ့ Sunflower ဆိုတဲ့သီချင်းကို ဖွင့်ပြလိုက်တယ်..
သူက အဆုံးထိနားထောင်ချင်တယ် မပိတ်နဲ့နော်' တဲ့
ပြီးတော့ သူလည်း လတ်တလောနားထောင်နေတဲ့ သီချင်းတစ်ပုဒ်ဖွင့်ပြတယ်..
Double J ရဲ့ Why တဲ့..ကျွန်မတို့ နှစ်ယောက်ကြားမှာ တိတ်ဆိတ်နေတယ်..ပျံ့လွင့်နေတဲ့ သီချင်းသံတွေက လွဲလို့ပေါ့..ကျွန်မတို့ စကားမပြောဖြစ်ပေမယ့် သီချင်းသံတွေကတစ်ဆင့် နလုံးသားချင်းနီးနေသလို ခံစားရသည်..
'အမ လူတစ်ယောက်ကို သဘောကျလာတယ်ဆို ဘယ်လိုမျိုး စပြီးခံစားရတယ်လို့ထင်လဲ'
'ပြိုင်တူဖြေမလား'
ကျွန်မ မေးတော့သူက ok တဲ့..'အဲ့လူအကြောင်းပဲ အမြဲတွေးနေမိတာ မျက်စိရှေ့မမြင်နေရလည်း ခေါင်းထဲရောက်နေတာ မျိုးပေါ့'
'May Be we couldn't stop thinking about them '
သူက အင်္ဂလိပ်လိုနဲ့ ကျွန်မက မြန်မာလို..
ကျွန်မ တော်တော်အံ့ဩသွားတယ်..ကျွန်မတို့နှစ်ယောက်တူတယ်ဆိုတာလည်း လက်ခံဖြစ်တယ်
YOU ARE READING
ချစ်၍ ချစ်ရသော🤍
RomanceHello Guys, ပထမဆုံးတောင်းပန်ချင်တာကတော့ ဒါက Noe ရဲ့ ပထမဦးဆုံး ဝတ္ထုတိုဖြစ်တဲ့အတွက် အမှားတွေရှိနေနိုင်ပါတယ်.. ဖြည့်စွက်ပီး ဖတ်ပေးကြပါလို့ 💞 Prologue🤍 ထနောင်းမိုး ဒါဆို ဒီကြားထဲ မက ကျွန်တော့်ကို Play နေခဲ့တာပေါ့..Wish I was your favorite game. ဆုအမရ...