(🆉)
"ငယ်လေးနဲ့ ကလေးသာ တစ်ခုခုဖြစ်ရင် ကျွန်တော်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး အစ်ကိုကြီး.."
"အေးပါ..အရင်ဆုံး စိတ်လေးကိုလျော့လိုက်ပါအုံး..ငယ်လေးက ကြံ့ခိုင်တာမလို့ ဘာမှမဖြစ်လောက်ပါဘူး.."
ခွဲစိတ်ခန်းရှေ့ကနေ တစ်ဖက်က တွန်းတဲ့ကောင်မလေးကို မကြိတ်နိုင်မခဲနိုင်ဖြစ်နေတဲ့ Jin..
ထိုကောင်မလေးရဲ့ မိဘတွေကလည်း အထပ်ထပ်တောင်းပန်ထားပေမဲ့ ငယ်လေးတစ်ခုခုဖြစ်ရင် တရားစွဲထားဖို့စီစဉ်ထားသည်..။
အခုတော့ ငယ်လေးအခြေနေကိုကြည့်ပြီး ဆုံးဖြတ်ရန်သာ..
ကျွီ..
"Doctor ကျွန်တော့်ညီလေး ဘယ်လိုအခြေနေရှိလဲဟင်..?"
"စိုးရိမ်စရာတော့မရှိတော့ပါဘူး ကံကောင်းတယ်ပြောရမယ် ကိုယ်ဝန်က ဒီထက်ပို လရင့်ရင်တော့ ပျက်ကျနိုင်ချေများတယ် အခုဟာက ဗိုက်နားကိုမဆောင့်သွားတဲ့အတွက် အန္တာရယ်ကင်းသွားတာပါ...နောက်တစ်ခါဆိုရင်တော့ သေချာဂရုစိုက်ဖို့မှာချင်တယ်ဗျာ.."
"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ "
"ရပါတယ် ကျွန်တော်တို့တာဝန်ပဲဟာ."
လူနာတွန်းလှည်းပေါ်ပါသွားတဲ့ Taehyungကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်..။
ထို့နောက် မျက်နှာကိုတည်ထားပြီး အဝေးကိုကြည့်ကာ..
"ငယ်လေးနိုးလာရင် တောင်းပန်ဖို့ပြင်ထားပါ "
ပြောပြီးတာနဲ့ ထိုနေရာမှ ထွက်လာခဲ့တဲ့ Jinနဲ့ RM..
.
_
.
_
.
_
.
Taehyung နိုးလာတော့ ထိန်လန့်သွားတဲ့ ခံစားချက်နဲ့အတူ ချက်ချင်းထထိုင်မိပြီး ဗိုက်ကိုကိုင်ကာ ငုံ့ကြည့်လိုက်သည်..။"တော်ပါသေးရဲ.."
တစ်ဖက်က ကုတင်ကိုလှမ်းကြည့်လိုက်တော့ Jungkookက လှဲနေတာကိုတွေ့သည်..။
"ဟူး.."
သက်ပြင်းချပြီး ကုတင်ပေါ်ကနေဆင်းပြီး Jungkookနားသွားလိုက်သည်..။Jinတို့လည်းမရှိဘူး ဘယ်သွားနေလဲမသိ..
YOU ARE READING
My Life{Completed}
FanfictionJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...