အခန်း ၁၇၇ - အက်ဂါဝဒ်က မ​ပြောင်းလဲတဲ့​ ကျောက်တုံးတစ်တုံးလိုပဲ

434 48 0
                                    

အခန်း ၁၇၇ - အက်ဂါဝဒ်က မ​ပြောင်းလဲတဲ့​ ကျောက်တုံးတစ်တုံးလိုပဲ။

လွန်ခဲ့သည်နှစ်နှစ်က ထွန်း​တောက်အဆင့် ၁၀၀ ၌ နံပါတ် ၃၉ ချိတ်ခဲ့​သော လျို့ကျယ်သည် အနည်းငယ်ကြွယ်ဝသည်ဟု ဆိုနိုင်သည်။ တစ်နှစ်အတွင်း ပြိုင်ပွဲများနှင့် တာဝန်များလုပ်ရာမှရရှိ​​ခဲ့သော သူ၏ထွန်း​တောက်​​​ဒေါ်လာကြွယ်ဝမှုသည် သန်း​ပေါင်းအနည်းငယ်မျှပင်။ သို့​သော် ထွန်း​တောက်​​ဒေါ်လာအများစုကို အင်းဆက်ဘုရင်မ၏အဆင့် သို့မဟုတ် အရည်အ​သွေးတိုးမြှင့်​ပေူရန် သုံးစွဲ​ခေသည်။

မိမိတို့၏ဝိညာဉ်သားရဲများကို ပြုစုပျိုး​​ထောင်ရန် ဝိညာဥ်ချီပညာရှင်များလိုအပ်​သော အရင်းအမြစ်များသည် ​အောက်​ခြေမရှိ​သောတွင်းနက်ကြီးနှင့်တူ​လေသည်။ ကျွမ်းကျင်သူသည် သန်မာလည​လေ​လေ သုံးစွဲရန်လို​သော အရင်းအမြစ်များပို၍များပြားလာ​လေပင်။

သို့တိုင် လျို့ကျယ်သည် လင်းယွမ်ယူထုတ်လာ​သော ပရိ​ဘောဂများကို ကြည့်ရင်းလက်များပင်တုန်ရီလာကာ သူ၏အ​ခြေခံတန်ဖိုးများသည် ချနင်းခံလိုက်ရသလိုခံစားရသည်။

​ကျောက်စိမ်းနှင့်တူ​သော ပရိ​ဘောဂသည် ထွန်း​တောက်​သော ဖက်ဒ​ရေးရှင်း၌အမြဲတ​စေ ဇိမ်ခံပစ္စည်းဖြစ်​နေခဲ့သည်။

ဝိညာဉ်ချီနိုးထပြီး နှစ်တစ်ရာအကြာတွင် ​​ကျောက်စိမ်းကို နှစ်မျိုးနှစ်စားကွဲပြားသည် - သတ္တုရိုင်းများမှဖြစ်​ပေါ်လည​သော ​ဂျေဒိုက်နှင့် ​ကျောက်စိမ်းကဲ့သို့ သစ်သားများမှဖြစ်​ပေါ်လာ​သော နက်ဖရိုက်တို့ဖြစ်သည်။

​ဂျေဒိုက်များသည် ထွန်း​တောက်​သောဖက်ဒ​ရေးရှင်း၌ ​စျေးနှုန်းမြင့်ပြီး အလွန်ရှားပါး​သောဝိညာဉ်ပါဝင်ပစ္စည်းဟု သတ်မှတ်နိုင်သည်၊ သို့​​သော် နက်ဖရိုက်များသည် ​ဂျေဒိုက်များထက်ပို၍ ​စျေးမြင့်​လေသည်။

ဝိညာဉ်ချီမနိုးထခင်က ​မြေ​အောက်သတ္တု​ကြောများတွင်
​​ဂျေဒိုက်အ​မြောက်အမြားရှိ​လေသည်။ ဝိညာဉ်ချီနိုးထပြီး​နောက် ​ဂျေဒိုက်များသည် ကမာဘ၏ဝိညာဉ်ချီကိုစုပ်ယူလာကြပြီး လုပ်​ဆောင်ချက်အမျိုးမျိုးပါဝင်လာကြသည်။

ဝိညာဉ်ချီမနိုးထလာခင်ကဆို နက်ဖရိုက်များသည် လုံးလုံးမတည်ရှိ​ပေ။ ဝိညာဉ်ချီအလွန်​ကြွယ်ဝ​သော ပတ်ဝန်းကျင်များ၌ သစ်သားမျက်နှာပြင်သည် ​ကျောက်စိမ်းအဖြစ်​ပြောင်းလဲဤနိုင်ကာ အလွန်ရှားပါး​​သော ပါးလွှာသည် နက်ဖရိုက်အလွှာ​လေးတစ်ခုဖြစ်လာသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၁) ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now