အပိုင်း(၅၂.၃):စိတ်မကျေမနပ်ဖြစ်နေသောကြေးဓား
“ဒါဆို အဲဒီအချိန်တုန်းက သူဘယ်လိုနေလဲ?” အမေချန်း သာမန်ကာလျှံသာမေးကြည့်လိုက်လေသည်။
“အတော်စိုးရိမ်ရတယ်၊ သူသတိလစ်နေတုန်းပဲ။” ချန်းယု တီးတိုးပြောလိုက်လေသည်။
“လွန်ခဲ့တဲ့နှစ်ရက်ကတည်းက သူကိုမာဝင်နေတာ၊ ဒီတော့ သူ့အခြေအနေကြည့်ရတာ တကယ်ပဲအတော်ပြင်းထန်မယ့်ပုံပဲ။” အမေချန်း စိတ်ပူလာလေတော့သည်။
ချန်းယန် သူ့ညီမလေးကို သေချာဂရုတစိုက်ကြည့်လာလိုက်တယ်။ သူအချိန်ကိုလှမ်းကြည့်လိုက်တော့၊ အလုပ်သွားရန် အချိန်နီးနေလေပြီ၊ ဒီတော့ သူထရပ်ပြီးပြောလိုက်တယ်၊ “ရှီရှီ၊ စာအုပ်ဆိုင်ဆီ သူငယ်ချင်းတွေနဲ့အတူတူသွားမလို့ချိန်းထားတာရှိတယ်ဆိုပြီး ညီမလေးပြောထားတယ်မဟုတ်လား? အစ်ကိုလမ်းကြုံလို့လိုက်ပို့ပေးမယ်။”
“ဟမ်? အို။” ချန်းယု သူမအစ်ကိုရဲ့အဓိပ္ပာယ်ဖော်ပြနေတဲ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံသွားလိုက်တော့ သူ့နောက်က လိမ်လိမ်မာမာထွက်လာခဲ့လိုက်လေသည်။
ခြံဝန်းကနေ ကားမောင်းထွက်လာရင်း၊ မျှော်လင့်ထားသလို၊ ချန်းယန်မေးလာလေတယ်: “ဇီယန်ကိုကြည့်ဖို့ ချင်ယီနဲ့ ရှောက်ဟွေက ညီမလေးကိုဘာလို့ခေါ်သွားခဲ့တာလဲ?”
ဇီယန်နဲ့ သူ့ညီမလေးရှီရှီကို အချင်းချင်းသိလာအောင် ချင်ယီနဲ့ရှောက်ဟွေ မိတ်ဆက်ပေးချင်မိတ်ဆက်ပေးနိုင်လေတယ်၊ ဒါပေမဲ့ ဇီယန်ကိုလုံးဝမသိတဲ့သူမကို လူနာဆောင်ဆီ သူတို့သေချာပေါက် ခေါ်သွားမှာမဟုတ်လေဘူး၊၊ ဒါ့အပြင်၊ ဒီနှစ်ရက်တွေအတွင်း သူသတင်းအနည်းငယ်ရထားလေသည်။ ကျန်မိသားစုက လူနာဆောင်ဆီ အလည်အပတ်ကြည့်ဖို့ တာအိုဆရာတော်တော်များများရှာဖွေခဲ့ကြတယ်တဲ့။
“ဒီအတိုင်း...ဒီအတိုင်း”
“ညီမလေးသိလား? ညီမလေးလိမ်တဲ့အချိန်ကျရင် စကားထစ်လာတော့တာပဲ။”
ချန်းယန် ရုတ်တရက်ပြောလိုက်လေသည်။“...” ရဲတွေက တကယ်ပဲအားကောင်းတာပဲလို့ ချန်းယုတိတ်တိတ်လေးတွေးမိလိုက်လေတယ်၊၊ ထို့ကြောင့်၊ သူမကံကြမ္မာကို လက်ခံလိုက်ပြီး ပြောပြလိုက်တယ်၊ “အစ်ကိုမှတ်မိေသးလား? ကျန်ဝမ်ဝမ်နဲ့ ပထမဆုံးတွေ့ချိန်တုန်းက ညီမသူ့ကိုခြောက်လှန့်လိုက်တာလေ။”
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...