7 - Chicxulub Crater

3.9K 467 29
                                    

#LightYearsAway #7

ကြည်သာအေးမြအတွက် တက္ကသိုလ်တွင် အထူးတလည်အံ့သြမိသည့်ကိစ္စရပ်မှာ အားကစားပရိသတ်များ ပင်ဖြစ်သည်။ ဘောလုံး၊ ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ်၊ ဟော်ကီ စသည့်ကစားနည်းများစွာကို ဒေသစွဲ၊ ကျောင်းစွဲကြီးကာ ရူး ရူးသွပ်သွပ် အားပေးနေကြသည့်လူများကို ကြည်သာ နားမလည်နိုင်စွာ ကြည့်နေမိသည်။ သို့သော် ကြည်သာ သိုးမည်းမဖြစ်ချင်လျှင်တော့ ထိုအားကစားပွဲများတွင် တစ်နည်း တစ်ဖုံပါဝင်ပတ်သက်ရလိမ့်မည်ဟု သိထားသဖြင့် စေတနာ့ဝန်ထမ်း အကူအဖြစ် စေတနာမပါစွာစာရင်း ပေးထားလိုက်ရ၏။

ထိုအတွက် အကျိုးဆက်တစ်ခုက ဝေယံခကို ပေးနိုင်သည့်အချိန် ပိုနည်းပါးလာခြင်းဖြစ်သည်။ ဤသည် ကိုတော့ ကြည်သာ သဘောကျပါသည်။ ဝေယံနှင့် တွဲသည်မှာ လပိုင်းလောက်ရှိလာပြီးနောက် ကြည်သာ အနည်းငယ် ငြီးငွေ့စပြုလာပြီ။ ပိုသဘောကျဖို့ကောင်းသည်က ဝေယံကတော့ ကြည်သာ့ကို ပိုစွဲလန်းလာ ခြင်းပင်။ ချစ်ကြိုက်၍ဟုတော့ ကြည်သာမယုံကြည်ပါ။ သို့သော် ဝေယံသည် ကြည်သာနှင့်အတူရှိရသည် ကို အရသာတွေ့နေပုံရသည်။ တွေ့ရသည့်အချိန်လေးများတွင်ပင် ထိုကိစ္စကို တောင်းဆိုလေ့ရှိသည်က ရယ်ချင်စရာကောင်းသည်မဟုတ်လား။ ကြည်သာ့အတွက်တော့ ဝေယံသည် အိပ်၍ကောင်းသော ပါတနာ အဖြစ် လက်ခံနိုင်သော်လည်း ချစ်သူရည်းစားတစ်ယောက်... ထို့ထက်ပို၍ ယောက်ျားတစ်ယောက်ဟု တော့ မြင်၍မရပါ။

မျက်စိတစ်ဆုံး ရှိနေသည့် ဘောလုံးကွင်းထဲမှ ပြေးလွှားတွန်းတိုက်နေသည့် ယောက်ျားများနှင့် လက်သီး လက်မောင်းတန်းကာ အားပေးနေသော နောက်ထပ် ယောက်ျားများကို ကြည်သာ လိုက်ကြည့်နေမိသည်။

ကြည့်ကောင်းသည်၊ တောင့်တင်းသည်၊ မိုက်သည်ဟု မှတ်ချက်ပြုနိုင်စရာကောင်းသောလူများ ပါသော် လည်း ကြည်သာ့စိတ်ကိုဆွဲဆောင်နိုင်သည့်လူတော့ တစ်ယောက်မှမပါပါချေ။

"ဘာတွေခေါင်းခါနေလဲ အေး"

ဘေးနားရှိ အားကစားပွဲအကူ ကျောင်းသူဖြစ်သော Susan က သူ့ကို စပ်စပ်စုစုမေးသည်။ Susan က သူနှင့် မေဂျာမတူသော်လည်း အားကစားကလပ်များသို့လာလျှင်တွေ့နေကြဖြစ်၍ ရင်းနှီးနေပြီ။

Light-Years AwayWhere stories live. Discover now