Part-29 ⚠️Mature content ⚠️

6.8K 187 7
                                    

On the other side(အခြားတစ်ဖက်၌)

⚠️This part contains age-restricted words that describe sex⚠️

"ခေါင်းမော့လိုက်"

အင်္ကျီက အသစ်ဖြစ်နေတာကြောင့်ရော suit တွေ ဝတ်ဖူးဝတ်စ မရှိတဲ့ လမင်းသော်တာ လည်ပင်းနားက ကြယ်သီးကို တပ်ဖို့ ခက်နေလို့ နေမင်းရှိန်ကူတပ်ပေးနေသည်။

"ရပြီ"

အဖြူရောင် လက်ရှည်ပေါ်မှ vest အနက်ရောင်ကိုထပ်ဝတ်ထားပြီး ချမ်းအေးသော ရာသီဥတုကြောင့် အနက်ရောင် long coatကိုပါ အပေါ်မှ ထပ်ဆင့်ဝတ်ထားသော နေမင်းရှိန်မှာ အလွန်ပင် ခန့်ညားနေသည်။ဆံပင်ကို အပေါ်သို့လှန်ထားပြီး ဘေးနားကအနည်းငယ်ပါးထားသော သူ့ရဲ့ဆံပင်ပုံစံက သူ့ကို ပိုပြီး ဆွဲဆောင်မှုရှိအောင် ပါရမီဖြည့်ပေးနေသလို။လမင်းသော်တာကလည်း သူ့လိုဝတ်ဆင်ထားပေမယ့် အရောင်တော့ကွဲသည်။ကလေးအရွယ်ဖြစ်သောကြောင့် အနက်ရောင်ကို ဆင်မပေးဘဲ အနက်ရောင်အစား အညိုရောင်ရင့်ရင့်လေးကို သုံးထားသည်။ဘယ်လောက်ပဲ လူကြီးဆန်တဲ့အဝတ်တွေဝတ်ဝတ် သူ့ရဲ့နဖူးမှာ ဝဲပြီးကျနေတဲ့ အနက်ရောင် ဆံသားနုနုလေးတွေနဲ့ချစ်စရာကောင်းတဲ့မျက်နှာကြောင့် ကလေးဆန်နေသည်။နေမင်းရှိန်ကတော့ သူ့ကလေးကို ခြေစွန်းခေါင်းစွန်းကြည့်ပြီး မခို့တယို့ပြုံးနေသည်။

"အ...အဆင်မပြေလို့လား"

"ဟမ်...မဟုတ်ပါဘူး....အစတုန်းက ဒီလိုတွေဝတ်ရင် လူကြီးမျက်နှာထွက်လာမယ်ထင်နေတာ...အခုတော့ ကလေးရုပ်တောင်မပျောက်ဘူး...."

"ဟွန့်...."

ဆူပုပ်သွားသော ကောင်လေးရဲ့ပါးလေးနှစ်ဖက်အားကိုင်လိုက်ပြီး နဖူးချင်းတေ့ထားကာ

"ကလေးရုပ်ပျောက်မသွားတော့ ကောင်းတာပေါ့...ဟမ်....မဟုတ်ဘူးလား....."

"ကလေးမျက်နှာနဲ့ကျ....."

"ချစ်ဖို့ကောင်းတယ်လေ.....ကိုယ့်အတွက်တော့ ချစ်ဖို့ကောင်းတယ်"

"ဟီး.....ပြီးရော"

"ပြွတ်စ်...လာ....သွားရအောင်"

"ဟုတ်"

နှစ်ယောက်စလုံး ဦးတည်ပြီးသွားနေတာကတော့ Jony ရဲ့ လက်ထပ်ပွဲကို အသိမှတ်ပြု ညစာစားပွဲ။ဒီပွဲကို လာတဲ့သူအများစုက လက်နက်မှောင်ခိုနဲ့ မူးယစ်မှောင်ခိုတွေအများဆုံးပဲ။ရာဇဝတ်သားတွေလို့ပြောလို့ ရနိုင်သလို ချမ်းသာတဲ့ သူဌေးသူကြွယ်တွေလည်းဖြစ်တယ်။ဒါ့အပြင် နိုင်ငံပေါင်းစုံကလူတွေလည်းဖြစ်တယ်။အာရှတိုက်မှနိုင်ငံများသာမက ဥရောပတိုက်က လူများလည်းပါကြသည်။လက်နက်ကိုင်ခွင့်ပိတ်သိမ်းထားသောပွဲဖြစ်လို့ နေမင်းရှိန် လမင်းသော်တာကို ခေါ်ဆောင်လာခြင်းသာ။

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now