(52. 1)
'' ကောင်းသော ညနေခင်းပါ အိမ်ထောင်ဦးစီးနဲ့ ဖေဖေတို့။ အခုချိန်က ' ကဗျာပြိုင်ပွဲ ကြီး ' ပြန်လည် ကျင်းပမယ့် အချိန်ကို တစ်နှစ်ပြန်လည်လို့ လာခဲ့ပါပြီ။ ပါဝင်ယှဥ်ပြိုင်လိုသူ အတွက် စာရင်းပေးသွင်းဖို့ရာ တစ်နာရီရဲ့ လေးပုံတစ်ပုံ အချိန်ပဲ ကျန်ပါတော့တယ်နော်။ ကျေးဇူးပြုပြီးတော့ မင်းတို့ရဲ့ အရည်အချင်းတွေကို ကပ်စေးနှဲ မနေကြပါနဲ့။ ဖြစ်နိုင်သမျှ မြန်မြန်လေး စာရင်း သွင်းလိုက်ကြပါတော့။ ပြိုင်ပွဲစဖို့ အချိန်ကျတာနဲ့ ခေါင်းစဥ် ကိုလည်း တစ်ခါထည်း ထုတ်ပေးသွားမှာပါ! ''
ကဗျာပြိုင်ပွဲ ကျင်းပမယ့် နေရာမှာ စဥ်မြင့်တစ်ခုတောင် တည်ဆောက် ထားပြီးတော့ ထိုပေါ်မှာ အသက်၅၀ အရွယ် အဝတ်အစားကောင်း တွေ ဝတ်ထားတဲ့ လူတစ်ယောက်က ကြော်ငြာပေးနေခဲ့တယ်။
သူတို့ စင်မြင့်ထဲကို မဝင်ခင်မှာပဲ လူတစ်ယောက်က လာပြီးတော့ ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့ကို တားလိုက်တာပဲ ဖြစ်တယ်။ လူ ၃ ယောက်က စားပွဲတစ်ခုဆီမှာ ထိုင်နေကြပြီးတော့ သူတို့ကို တားလိုက်တဲ့လူက အရပ် ပုတဲ့သူ ဖြစ်လေတယ် ။
'' မင်းတို့ နှစ်ယောက်လုံး က စာပေ ပညာရှင်တွေလား''
'' ဟုတ်ပါတယ် ''
ကျန်းဂျင်က အဖြေပြန်ပေးလိုက်တယ်။
'' မင်းတို့ ၂ ယောက် ဒီကဗျာကို ဖက်နိုင်ရဲ့လား ''
ထိုလူက ကဗျာ စာရွက်တစ်ရွက်ကို သူတို့ဆီ ကမ်းပေးလိုက်တယ်။ ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က ထိုလူကို အမြင်တစ်မျိုးနဲ့ ကြည့်လိုက်တယ်။
'' မင်းတို့က လင်အန်းမြို့က မဟုတ်ဘူးမလား။ နားလည်မှု မလွဲကြပါနဲ့။ မင်းတို့က ကဗျာတစ်ပုဒ်ကို ဖက်နိုင်ပြီး ဖော်ပြနိုင်သရွေ့ ငါတို့က မင်းတို့ကို လက်မှတ်ပေးမှာပါ။ ပြီးတော့ ကဗျာကို ဖော်ပြပြီးသွားတဲ့ အချိန်ကျရင်လည်း မင်းတို့ဟာ မဲပေးဖို့ လက်မှတ်နဲ့ ပေးမှာပါ။ အဲ့တာနဲ့ ကိုယ်အကြိုက်ဆုံးကို မဲပေးခွင့် ရှိပါတယ်။ ဒါပေမယ့် အလွဲသုံးစားတွေ မဲလိမ်မှုတွေ လုပ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့် ငါတို့က မှန်ကန်တဲ့သူ မဲအရေအတွက်မှန်မှန် ထည့်စေဖို့ မင်းတို့ကို ငါက ကဗျာဖတ်နိုင်သလား ဝေဖန်နိုင်သလား စစ်ဆေးရုံတင်ပါ''
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...