"အင့်! "
ကျနောတော့သေလောက်အောင်နာကျင်ရပြီဟုမှတ်ထားသောလဲ ကျနော့ကိုတစုံတစ်ယောက်ကလှမ်းဆွဲးလိုက်တာခံစားမိ့သည် ပြီးတော့ကျနော့ကိုပွေ့ဖက်ပေးထားတဲ့လက်တစ်စုံရဲ့နွေးထွေးမှုကိုခံစားလိုက်ရတယ် ထိုသူကိုကျနောမော့ကြည့်လိုက်သည်
"အကို.....ဟင့်"
"ကောင်လေး မင်းဘယ်နားထိခိုက်မိ့သွားသေးလဲ အဆင်ပြေရဲ့လား မကြောက်နဲ့အကိုရှိတယ် အခုဘေးကင်းသွားပြီကလေး"
ကြောက်တာရောလန့်တာရောကြောင့်လူကအလိုလိုအားငယ်စိတ်ဝင်မိ့သည် ထို့ကြောင့်ထိုလူ့ရင်ခွင်ထဲတိုးဝင်ကာပိုဖက်ထားမိ့သည် မျက်ရည်တွေကလဲအဆက်မပျတ်စီးကျလာနေခဲ့သည် ဒီရင်ခွင် နွေးထွေးပြီး လုံခြုံတယ်လို့ခံစားရတယ်
"ကျနော့ကိုအိမ်ပြန်ပို့ပေးပါအကို...."
ရင်ခွင်ထဲအတင်းတိုးဝင်ပြီးငိုနေတဲ့ကလေး တကိုယ်လုံးလဲတုန်ယင်နေတာဘဲ အတော်လန့်သွားရှာတယ်ထင် အသံတိုး"လေးနဲ့ကျနော့ကိုအကိုတဲ့ ပြီးတော့သူ့ကိုအိမ်ပြန်ပို့ဖို့တောင်းဆိုနေတယ်
"အင်း"အကိုပို့ပေးမယ် ကလေးအခုဘေးကင်းသွားပြီနော် အကိုရှိနေပြီ မကြောက်နဲ့တော့ကလေးလေး"
ပြန်ဖြေသံတော့မကြားရပေးမယ့်သူလေးကကကျနော့ရင်ခွင်ထဲမှာမို့ ခေါင်းငြိမ့်
အဖြေပေးလိုက်တာကိုကျနောခံစားမိ့သည်"လာကလေး အကို့ကိုသေချာဖက်ထား"
အကိုကကျနော့ဖက်ထားတာကိုမဖြုတ်ဘဲ ကျနော့ကိုချီမလိုက်သည်မို့ ကျနောလဲအလိုက်သင့်လေး ခြေထောက်တွေကိုအကို့ခါးမှာချိတ်မိ့သည် အကို့ပုခုံးပေါ်မှာခေါင်းကိုဖွက်ထားပြီးနောက်ကျနောပင်ပန်းလို့ထင် မျက်လုံးကအလို"မှေးစင်းလာပြီးအိပ်ပျော်သွားခဲ့သည် ထို့နောက်ကျနောအာရုံတို့အမှောင်ကျသွားခဲ့သည်
"မင်းတို့သူ့အိမ်သိ့ကြလား"
"ဟုတ် ကျနောသိ့ပါတယ်"
"ဒါဆိုေရှ့ကေနလမ်းပြပေး"
"ဟုတ် ဟုတ်"
ဒီကိုကြီးနဲ့ကအစကတည်းကသိ့ကြတာထင်တယ် ချီထားလိုက်တာများ ပန်ဒါကမူကြိုကလေးလေးကျလို့
"ပန်ဒါမအိပ်ပျော်သွားပြီကွ သူတော်"လန့်သွားတာထင်တယ်ကွ"
"သူ့နေရာမင်းသာဆိုသတိ့လစ်ပြီးသေနေပြီ
သူမို့ဒီလိုသတိ့မလွတ်တာ""ဒီကောင်တကယ်အမွှေစိန်ကွာ...ငါဖြင့်နှလုံးရပ်ပြီးသေတော့မလို့"
"အဲ့တာထား ဟိုမှာသူ့အိမ်ရောက်ပြီအန်တီ့ကိုလှမ်းခေါ် "
"အေးအေး"
အန်တီရေ!!အန်တီမေ! ကျနော်သူရပါဗျာ့
"သားသူရကျောင်းမသွားသေးဘူးလားကွဲ့ နောက်ကျနေပြီမို့လား "
"အန်တီအမြန်တံခါးဖွင့် ပန်ဒါမအိပ်ပျော်နေပြီ"
"ဟေ! အေးအေး ဟယ်! သားနှောင်းကဘာလို့ဒီကလေးအပေါ်အိပ်ပျော်နေတာတုန်း"
"အန်တီ ကျနော့ကိုသူ့အခန်းလိုက်ပြပေးပါလား ပြီးတော့ဆရာဝန်လဲပင့်ပေးပါ သူလန့်နေလို့"
"သားနှောင်းကဘာဖြစ်လို့လဲသားကျော်ထွန်း"
"ကားမှတ်တိုင်မှာကျနောတို့ကိုစရင်း သူကားတိုက်မလိုဖြစ်သွားတာ ဒီကိုကြီးကယ်လို့မသေတာဗျာ့"
"ဘုရားဘုရား ကံကြီးပေလို့သာပေါ့ အန်တီဆရာသွားပင့်လိုက်အုံးမယ်"
"ဟုတ်ကျနောလဲလိုက်ခဲ့မယ်အန်တီ"
######
*နွေးထွေးတဲ့ရင်ခုန်သံငယ်တို့စတင်ဖြစ်ထွန်းရာ*
[18.1.2023]
11:09 am