Chapter 21 - 'ငါလည်းမင်းကိုချစ်တယ်'

1.1K 143 16
                                    

Unicode 

မြို့တွင်း၌ အကြီးဆုံးသော စားတော်ဆက်ရှိ သီးသန့်ခန်းအတွင်းတွင် မုယွင်ကွေးမှာ ယွီယန့်အား အစာသွပ်မုန့်ပိုင်းကလေး ဆက်သနေ၏။ “အရှင်အခုထိ စောစောကဖြစ်ခဲ့တဲ့ ကိစ္စအကြောင်းကို တွေးနေတုန်းပဲလား။”

ယွီယန်မှာတွေးတောနေရာမှ အသိပြန်ဝင်လာလေသည်။ ထို့နောက်ခေါင်းငြိမ့်ကာ “အင်း”

ယခုဆိုလျှင် တော်ဝင်လွှတ်တော်ရှိ အင်အားစုများမှ၊မှာ နှစ်ခြမ်းကွဲနေပြီဖြစ်သည်။ အကယ်၍သာဝန်ကြီးချုပ်၏ အာဏာသာမရှိပါလှင် သူနှင့် အကြီးဆုံးအကိုတော်ကြားရှိ အင်အားမှာ ညီတူမျှတူပင်ဖြစ်ပေသည်။

သို့သော် ဝန်ကြီးချူပ်ပါဝင်ပတ်သတ်လိုက်ပြီဆိုသည်နှင့် အခြေအနေများမှာ အနည်းငယ်ပြောင်းလဲနိုင်ဖွယ်ရာရှိပေသည်။

ယွီယန်က ရှင်းပြလာလေ၏။ “ဝန်ကြီးချုပ်က ဘုရင့်ယောက္ခထီးဖြစ်ချင်နေတာပဲ။ ဒီနေ့ သူပြောလိုက်တဲ့စကားရဲ့ တကယ့်အဓိပ္ပါယ်ကို သေချာရှင်းရှင်းလင်းလင်းမပြောလိုက်ပေမယ့် တကယ်လို့ ငါသာငြင်းလိုက်မယ်ဆိုရင် သူက အကိုတော့်ကို ထောက်ခံပေးဖို့ အစီအစဥ်ပြောင်းလိုက်လိမ့်မယ်။”

“တကယ်လို့အကိုတော်သာ ဝန်ကြီးချုပ်ရဲ့ အထောက်အပံ့ကို ရသွားမယ်ဆိုရင် ငါစိုးရိမ်မိတာက...” မုယွင်ကွေး၏ မျက်လုံးများမှာ မဲမှောင်သွားရလေပြီး ခပ်နိမ့်နိမ့်အသံဖြင့်မေးလာလေသည်။ “ဒါဆို အခု အရှင်ဘယ်လိုစီစဥ်ထားပါသလဲ။”

“ငါ့ကို စဥ်းစားဖို့အချိန်သုံးရက်ပေးပါလို့ ငါသူ့ကို ပြောခဲ့တယ်။” ယွီယန်သည် သူ့ခေါင်းကို ငုံ့လိုက်လေပြီး အဆာသွပ်မုန့်ကို တစ်ကိုက်ကိုက်စားလိုက်လေသည်။ ယွီယန်မှာ အဆာသွပ်မုန့်ကို တမြုံမြုံဝါးနေသည်အတွက် သူ့ပါးတစ်ဖက်မှာဖောင်းနေလေ၏။ သူသည် အေးစက်သောလေသံဖြင့် မသရော်ခင် ထိုမုန့်ကို ကုန်အောင် အရင်လက်စသတ်လိုက်လေပြီး “ဝန်ကြီးချုပ်ရဲ့လက်အောက်က မှုးမတ်တွေအဖွဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ထားကြတယ်။ အဲ့ညစ်ပတ်တဲ့ရေကန်ထဲကနေ အကျင့်ပျက်ခြစားတဲ့ မှုးမတ်ဘယ်လောက်တောင် ပျိုးထောင်ပြီးပြီးလဲဆိုတာ မသိနိုင်ဘူး။ တကယ်လို့ ဝန်ကြီးချုပ်သာ တကယ့်ဘုရင့်ယောက္ခထီးတော်ဖြစ်လာမယ်သာဆို အဲ့တာက ငါ့ကို ရုပ်သေးရုပ်ဘုရင်သာ လုပ်လိုက်ပါတော့လားလို့ မေးတာနဲ့အတူတူပဲမဟုတ်ဘူးလား။”

Alphaအဖြစ်အယောင်ဆောင်ပြီးနောက် အရိပ်သက်တော်စောင့်ရဲ့ အမှတ်အသားပေးခံလိုက်ရတယ် Where stories live. Discover now