အပိုင်း (၁၁၀) ဂယ်ရှိကပ် (၄)

53 2 0
                                    


ငါက မထူးချွန်ပါဘူး။

ငါကြယ်ငါးပွင့်သိုင်းကိုကျင့်နေတယ်ဆိုတဲ့ အချက်ကိုဖယ်ထားလိုက်ရင် ငါဘယ်နေရာမှာမှ မထူးချွန်ဘူး။

ငါ့အခြေအနေအဆင့်တွေလည်း မဟုတ်ဘူး။

ငါ့ရုပ်သွင်လည်း မဟုတ်ဘူး။

ငါ့စကေးတွေလည်း မဟုတ်ဘူး။

သူ့ကိုတစ်ချိန်လုံးကူညီနေတဲ့ စနစ်တစ်ခုရှိတဲ့ ကယ်ဗင်ရယ် ၊ လိုချင်တာမှန်သမျှရနိုင်တဲ့ အခြားအဓိက ဇာတ်ကောင်တွေနဲ့စာရင် ငါ့မှာဘာမှမရှိဘူး။

...အခြားဇာတ်လိုက်တွေလိုလည်း ဇာတ်အိမ်က ငါ့ကို ကာကွယ်ပေးထားတာမျိုးလည်း မရှိဘူး။

ငါရခဲ့အရာအားလုံးဟာ သွေးချွေးမျက်ရည်တွေ ရင်းခဲ့ရတယ်။

ငါလိုချင်တဲ့အရာအားလုံးကို သေလုနီးပါးတိုက်ခိုက်တာဖြစ်ဖြစ် အရေးကြီးတဲ့တစ်ခုခုကို ရင်းပြီးတော့ပဲ ဖြစ်ဖြစ် ရခဲ့တာချည်းပဲ။

ငါ့မှာရှိတဲ့ အရာနဲ့ အဆင်ပြေအောင် လုပ်ခဲ့ရတယ်။

ငါ့ထက် တိုက်ပွဲအတွေ့အကြုံတွေ အများကြီး ပိုရှိတဲ့အပြင် ငါ့ထက်ပိုဦးစားပေးခံရတဲ့ အဲလက်စ်လို ပြိုင်ဘက်မျိုးနဲ့ကြုံရတဲ့အခါ ငါ့မှာရှိသမျှ အရာအားလုံးနဲ့ တိုက်ခိုက်ရတယ်။

ဒါကြောင့် စိတ်ပိုင်းဆိုင်ရာပြိုင်ပွဲကို ရွေးလိုက်တာ။

သူကငါ့ထက် အားနည်းပေမယ့် ငါ့ထက်ပိုအတွေ့အကြုံရှိတာကြောင့် သူ့စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တယ်။

အရာအားလုံးက ငါတို့ပထမဆုံးထိပ်တိုက်တွေ့တဲ့ အချိန်မှာ စတာပဲ။

ငါ့ဓားအိမ်နဲ့ သူ့နှာခေါင်းကိုချိုးလိုက်တဲ့ အချိန်ပေါ့။

အဲ့အချိန်ကစပြီး စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲစတာပဲ...

ပထမဆုံး ဦးတိုက်တွေ့ချိန်မှာ အနိုင်ယူလိုက်ကတည်းက တိုက်ပွဲရဲ့ အသာစီးကို ငါယူလိုက်တာပဲ။

ပြိုင်ပွဲစကတည်းက ရှိလာတဲ့ သူ့ယုံကြည်မှုတွေက အခုတော့ ပျောက်ကွယ်သွားပြီ။

စာရေးဆရာရှုထောင့်Where stories live. Discover now