Part 4

928 23 0
                                    

<Unicode>
  { မြတ်နိုးမိရာ  ဤရင်ခွင်တစ်စုံ၌ }
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဒီနေ့က ကျောင်းပိတ်သည့်ရက်ဖြစ်သည်မို့  ဆည်းဆာ အိမ်၌ဘဲ မေမေအားကူညီဖြစ်သည်.... ဆည်းဆာတို့မိသားစုတွင် ဆည်းဆာကအငယ်ဖြစ်သလို....တစ်အိမ်လုံးရဲ့ အချစ်တော်လည်းဖြစ်သည်...ဆည်းဆာကိုကိုကလဲ ဒီညီမလေးတစ်ယောက်ထဲပါသည်မို့ အလိုလိုက်ကာ တစ်ခါမှပင် မအော်ဘူးပါ.....မေမေကလည်း ဆည်းဆာကို သမီးငယ်လေးမို့ အချစ်ပိုကာ အမြဲဂရုတစိုက်ရှိလှသည်....ဆည်းဆာ5နာရီတွင်အိမ်ယာကထပိး ကိုယ်လက်သန့်စင်ကာ ရေပင်တစ်ခါတည်းချိုးလိုက်သည်...ပိးနောက် ဘုရားသောက်တော်ရေချမ်းကပ် ၊ အာရုံဆွမ်းကပ်၍ ဘုရားခန်းအား သန့်ရှင်းရေးလုပ်သည်....သန့်ရှင်းပိးပိဆိုသည်နှင့် မီးဖိုခန်းသို့သွားကာ မေမေအား မနက်စာစားရန် ကူပြင်ပေးလေသည်....ဆည်းဆာတို့ ပြင်ပိးပိနှင့် ဖေဖေနဲ့ ကိုကိုက ရောက်လာ၍ မိသားစုလေးယောက်စလုံး စုံကာ မနက်စာစားကြလေသည်....ဒါကတော့ ဆည်းဆာတိုမိသားစု့ရဲ့ နေ့စဉ်ဖြတ်သန်းပုံပင်.....
-
-
" ဆည်းဆာရေ ..ဆည်းဆာ...."

" အင်း..ဆည်းဆာရှိတယ်   အယွန်း   ‌အော်...စွမ်းရောပါလာတာလား....လာအိမ်ထဲဝင်ထိုင်ကြအုံးလေနော် "

" ဆည်းဆာ အဝတ်အစားသွားလဲ လိုက်အုံးမယ်နော် ခနစောင့်ပေးကြပါအုံး ဆည်းဆာမကြာပါဘူး "

" ရတယ်...ဆည်းဆာ...အေးဆေးလုပ် "

စွမ်းရည်ထူးမှြပန်ဖြေလိုက်သည်....ဒီနေ့ စနေနေ့မို့ မနက်ခင်းကျူရှင်ရှိတာကြောင့် သူသည် အယွန်းနှင့်ကပ်၍ ဆည်းဆာအိမ်အားလိုက်လာခဲ့ခြင်းဖြစ်သည်....ဆည်းဆာအိမ်လိုက်လာဖို့အရေးသူမှာ မိအယွန်းကို ဖားလိုက်ရတာ ဒါတောင် မယ်မင်းကြီးမက အင်တင်တင်နဲ့...သူမှာ တစ်ပတ်စာမုန့်ဝယ်ကျွေးမယ်ဟု ပြောမှသာ ဆည်းဆာအိမ်လိုက်ခွင့်ရလေသည်........!

" အော်....သမီးအယွန်းတို့တောင်ရောက်နေပိဘဲ...ဟိုကောင်မလေးဆည်းဆာ...အခုထိပြင်လို့မပိးသေးဘူးလား ဒီမှာသူငယ်ချင်းတွေကိုအားနာစရာ "

" ရပါတယ်...အန်တီရဲ့ ဆည်းဆာအကြောင်းလဲသိရဲ့သားနဲ့သူကအေးဆေးသမားလေ အေးဆေးဘဲလုပ်ပါစေ အယွန်းတို့စောင့်ပါ့မယ် "

မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌(Ongoing)Where stories live. Discover now