*2*

869 65 2
                                    

*ဝမ်ရိပေါ်က ဘယ်ရောက်နေလို့လဲ..ဟမ်*

အိမ်တော်ကြီးရဲ့ မနက်ခင်းဟာ ခါတိုင်းလို တိတ်ဆိတ်လို့မနေဘဲ..ရှောင်းသခင်ငယ်လေး
အသံနဲ့ အစပြုပါသည်...

*ငါမေးနေတယ်လေ ဝမ်ရိပေါ်က ဘာလုပ်နေလို့လဲလို့ *

*ဟို..ဟို....*

*တစ်ဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ ဟမ်...ငါမေးနေတာ ဝမ်ရိပေါ်ကို..သူဘာလုပ်နေလို့..မင်းကငါ့ကိုလာနှိုးရတာလဲ *

တစ်ဟိုဟိုနဲ့ လမ်းပြောက်နေသော အစေခံ
ကောင်မလေးမှာ ဘယ်လိုပြောရမလဲ စဉ်းစားနေမိသည်...​စိတ်ထဲမှာလည်း ဝမ်ရိပေါ်ရေ မြန်မြန်သာပြန်လာပါတော့လို့ ရေရွတ်နေမိလေသည်...

*ငါပြောနေတာကော ကြားလား ဟမ်!!*

*ကြား ကြားပါ တယ် သခင်လေး......
ဝမ်ရိပေါ်က စျေးသွားနေလို့ပါ...ဟုတ်တယ်.. စျေးသွားနေလို့..*

အစေခံကောင်မလေး သခင်လေးကို လိမ် အဲ
​ပြောပြနေတုန်း..အိမ်ရှေ့ဆိုက်ရပ်လာတဲ့ ကားတစ်စီး.....ဝမ်ရိပေါ် ရေ နင့်အတွက်ငါက အမျှဝေပေပါမယ်ဟာ....

ကားပေါ်ကနေ ဝမ်ရိပေါ် ခေါ် သခင်လေးရဲ့ စောစောစီးစီး စိတ်တိုရတဲ့ သူလေးဆင်းလာသည်...

*သွားတော့လေ ဂျီဟွန်း ဘိုင့်ဘိုင်...*

*ဟ ဝမ်ရာ မင်းဟာက ငါကိုကျေးဇူးတင်ကြောင်းတောင်မပြောဘဲ... ဘာဘိုင့်ဘိုင်လဲ...

ငါပြန်မှာပါကွ ကိုရီးယားက ငါ့မိဘတွေက ဒီကိုအလည်လာတာတဲ့ကွာ...မရောက်ဖူးကြဘူးဆိုတော့ကွာ..

ငါခနနေသွားကြိုရမှာ..ဆယ်နာရီကြရင် တရုတ်ရောက်မယ်တယ်ကွာ..မင်းကိုပါခေါ်ခိုင်းလိုက်တာ...*

*ငါလည်း အန်တီတို့ကို သတိရပါတယ်...ဒါပေမဲ့.. မောင်က..အဲ..သခင်လေးက ပြန်ရောက်နေပြီလေ..

အဲခုမှမှတ်ရတယ် ငါတော့သွားပြီ...ဂျီဟွန်းရေ သခင်လေးက တော့ ငါ့ကိုသတ်တော့မယ်ကွ*

*ဘာဖြစ်လို့လဲဝမ်ရာ မင်းဟာက အလန့်တစ်ကြား*

*သခင်လေးက မနက်ခင်းဆို ငါလာနှိုးမှကြိုက်တာလေ..အဲ့တာကို အခြားတစ်ယောက်ငါ့အစားနှိုးခိုင်းလိုက်တာ..ငါတော့သေပါပြီကွာ..
သခင်လေးတော့ငါ့ကို ဒေါခီးနေလောက်ပြီ..*

မောင့်ရဲ့ အသုံးတော်ခံ အရုပ်လေးWhere stories live. Discover now