My Lord (Zawgyi)

1.9K 20 0
                                    

"သေချာလုပ်ခဲ့ မင်းခန့် အမှားအယွင်းမရှိစေနဲ့"

"ဟုတ်ကဲ့ စိတ်ချပါ သခင်"

သခင်ပေးသည့် မည်သည့်တာဝန်ကိုမဆို အမှားအယွင်းမရှိအောင် ထမ်းဆောင်ရမည်မှာ မင်းခန့်၏ တာဝန်ပင်။ ငယ်စဉ်ကတည်းက သခင့်ဘေးနား နေရဖို့အရေး အသေရရ အရှင်ရရ ကြိုးစားခဲ့ရသည်မှာ လွယ်တော့မလွယ်။ သခင့်ရဲ့ လက်ရုံးဟူသည့်နေရာကို လွယ်လွယ်ရခဲ့တာမဟုတ်တော့ စိတ်မပျက်စေချင်ပါ။ အစွမ်းကုန်ကြိုးစားထားထုတ်ရမည်သာ။

သခင်ပေးသည့်တာဝန်သည် စီးပွားပြိုင်ဖက်၏ အသည်းအသက် အချစ်ကလေးအား လုပ်ကြံသတ်ဖြတ်ရန်ဖြစ်သည်။ ဘာမထီမျက်နှာထားနှင့် ယုတ်မာကောက်ကျစ်လွန်းသော သခင့်စီးပွားပြိုင်ဖက် ဦးချစ်ကောင်းသည် သခင့်ကိုတော့ များစွာရန်စတတ်သည်။ လက်နက်အရောင်းအဝယ်များကို ပျက်စီးအောင် ထောင်ချောက်ဆင်သည်။ ဆေးကိစ္စများတွင် ဖောက်သည်များအား ဖြုတ်ခုတ်သည်။  တရားဝင်စီးပွားရေးကိစ္စများတွင်လည်း နှောင့်ယှက်တတ်သေးသည်။ ထိုသို့သောဦးချစ်ကောင်းလိုလူ၏ အထိမခံနိုင်တဲ့လူမှာ သူ၏အသည်းအသက်အမျိုးသမီးပင်။

ထို့ကြောင့်လည်း သခင်က ထိုအမျိုးသမီး၏ အသက်ကိုသာ ထိပါးစေသည်။ ဦးချစ်ကောင်းက ယုတ်မာသည့်လူဆိုလျှင် သခင်ကတော့ ရက်စက်သည့်လူဟုဆိုလို့ရသည်။

သခင်ပြောဖူးသည့်စကားတစ်ခွန်းရှိသည်။ ပြိုင်ဖက်ကို ဖျက်ဆီးချင်ရင် သူ့ရဲ့အားနည်းချက်ကို ဖျက်ဆီးပြီး ရှင်သန်ခိုင်းကြည့်လိုက်ပါတဲ့။ ဘဝတစ်လျှောက်လုံးကို  အမြတ်နိုးရဆုံးအရာမရှိပဲ ဖြတ်သန်းရမှာက သေတာထက် ဆိုးတဲ့နာကျင်မှုပါတဲ့။ အဲ့ဒီလိုရက်စက်လွန်းသည့်သခင်ကို လာထိတာက ဦးချစ်ကောင်း၏ အမှားပင်။

သို့သော် ဦးချစ်ကောင်းကလည်းခေသူတော့မဟုတ်ပါ။ သူရဲ့ အသည်းကညှာလေးကို လုံခြုံရေးအထပ်ထပ်တို့နှင့် ထားရှိသည်မလို့ မင်းခန့်တို့မှာ အစီစဉ်ကို သေချာရေးဆွဲရသည်။ မင်းခန့်လေ့ကျင့်ပေးထားသော ကောင်လေးများပါ mission ထဲ ပါမည်ဖြစ်တာကြောင့် သိပ်တော့ အခက်ခဲမရှိလောက်ဟု ထင်ရသည်။

Punishment type (One shot collection)Where stories live. Discover now