346 29 12
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၈)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"ဆက်ဆက် ဘယ်လောက်ကြာကြာနေမှာလဲ၊ဘာလို့ပြန်လာတာလဲ၊"

နေကြည် ဖျော်လာတဲ့ ကော်ဖီပူပူလေးကို တဖူးဖူးမှုတ်နေလျက် ဆက်ဆက်က မော့ကြည့်လာတယ်။နှုတ်ခမ်းထောင့်စွန်းကိုကိုက်လျက် တစ်ခုခုကို စဉ်းစားနေဟန်ပြုပြီးမှ...

"ဖေတို့လေ ဒီမှာကုမ္ပဏီခွဲဖွင့်မို့တဲ့၊ဘယ်လောက်ကြာမလဲက မပြောတတ်ဘူးရော်၊"

"ဒါဆို ဆက်ဆက်ရဲ့ကျောင်းကကော၊"

"ဒီမှာတက်မှာလေ၊ဒါလင်က ဘယ်မှာတက်နေလဲ၊ဒါလင်နဲ့အတူတက်မယ်၊"

ဆက်ဆက်က နေကြည်နဲ့ရွယ်တူပေမယ့် တော်တော်လေးကလေးဆန်တယ်။အဖွားတို့မြို့မှာ ငယ်ငယ်ကတည်းက လက်ပွန်းတတီးနေခဲ့တဲ့သူဆိုပါတော့။မိသားစုချင်းရင်းနှီးတာကော၊ဆက်ဆက်က ချစ်ဖို့ကောင်းတာကောမို့ ရင်းနှီးခဲ့ကြတာ။ရွယ်တူပေမယ့် သူကအငယ်လိုဖြစ်နေခဲ့တာ။

ပြီးခဲ့တဲ့လကမှ ထိုင်းကို လိုက်သွားတဲ့ ဆက်ဆက်က ပြန်လာတော့ နေကြည် အံ့ဩရသလို ဝမ်းသာမိတယ်။

"ဒါလင်ကနော် ဆက်ဆက်ကို ဖုန်းလေးတောင် မဆက်ဘူး၊မုန်းစရာကြီး ဟွန့်၊"

ရင်ခွင်ထဲတိုးဝင်လာလျက် ဆက်ဆက်က နေကြည့်ရင်ဘတ်ကို လက်သီးဆုပ်ကလေးနဲ့ ခပ်ဖွဖွထုရင်း မကျေမနပ်ဆိုတော့ နေကြည်လည်း သဘောတကျပြုံးရင်း ဆက်ဆက်ရဲ့ပုခုံးကို အားဖြင့် ဖြစ်ညှစ်လိုက်မိတယ်။

"ဆက်ဆက်ရဲ့ဒါလင်ကို ဖွားတို့က စည်းကမ်းတွေတင်းလိုက်လို့ပါကွာ၊ဖုန်းမဆက်ဖြစ်ပေမယ့် အမြဲလွမ်းပါ့၊"

"အပိုတွေ...ဒါလင် မှန်မှန်ပြော၊မဟုတ်မှ ရည်းစားရနေပြီလား၊"

နေကြည့်မျက်လုံးတွေကို တရားခံစစ်သလို စိုက်ကြည့်လာလျက် ဆက်ဆက်က စူးစမ်းကာ မေးတယ်။

"ဟော ပေါက်တတ်ကရ၊ရစရာလားကွာ ဒါလင်က ဆက်ဆက်လို မစွံပါဘူး၊"

"ဆက်ဆက်လိုဆိုမှ ဆက်ဆက်တောင် ရည်းစားနဲ့ပြတ်သွားပြီ၊"

"ဖြစ်ပြန်ပြီ၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now