Ep.29(zawgyi)

399 12 0
                                    

.တကယ်တော့ မိုးစက်ကိစ္စဟာ ကိုပေါအမျှော်မြင်ကြီးခဲ့လို့သာ တန်ပြန်စီစဉ်နိုင်ခဲ့တာ။
သူ့သားကို အိမ်ထိလာဆွဲတာ ဖြစ်ပြီးတည်းက မိုးစက်အနားမှာ လူပို့ထားရန် စီစဉ်ခဲ့တယ်။
သူဘာတွေလုပ်နေလဲ၊ ဘယ်သွားရန်ကြံနေလဲ အကုန်ပြန်သတင်း ပို့ခိုင်းထားခဲ့တယ်။
လက်စွပ်ကိစ္စ ကြံစည်နေတာ သိသော်လည်း လက်စွပ်ကိုယ့်ဆီရောက်မှသာ တန်ပြန်နိုင်မှာမို့ စာဥကိုပဲ သင်ပေးထားရတယ်။ စာဥလေးက သွက်လက်ကာရဲတင်းတယ်၊ ဖြတ်ထိုးဉာဏ်ကောင်းတယ် ဒါတွေကြောင့်သာ အားလုံးအဆင်ပြေခဲ့ခြင်းဖြစ်တယ်။
မိသားစုကို ကာကွယ်နိုင်ခဲ့ပြီ။
မိုးစက်တစ်ယောက် သူ့မိသားစုကို ထပ်နှောက်ယှက်ရဲရန် မလွယ်တော့။

မိုးစက်ကိစ္စဟာ ရွယ်လူးတို့မိသားစုကို စည်းလုံးစေကာ ပိုပြီးစိတ်ဓာတ်တွေ တက်ကြွစေတယ်။တစ်ရွာလုံးသည်အကြောင်းသာ၊အိမ်ကဖေဖေနဲ့မေမေလည်း သည်အကြောင်း နောက်ဆုံး စာဥကိုပါချီးကြူးမဆုံးတော့။

လူးလူးအတွက် နို့ဗူးဖျော်နေတဲ့ ရွယ်လူးခါးပေါ် လာရောက်ဖက်တွယ်လာတဲ့ လက်တစ်စုံ။

"ကိုပေါ ဘာဖြစ်လို့လဲဗျ''

"........''

"ဘာဗျ.....နောက်ထပ်ကလေးယူရအောင် ဟုတ်လား... တော်တော်တက်ကြွနေတယ်ပေါ့လေ.... လူးလူးမွေးတုန်းက ဗိုက်ခွဲကြောင်းကြည့်ပြီး နောက်ထပ်ကလေးမမွေးရတော့ဘူးဆိုပြီး ပြောတာဘယ်သူလဲ''

ရွယ်လူးဘာပြောပြော ကိုပေါကသိပ်အရေးမလုပ်ပါ။ဒီညလူးလူးလေး.မေမေတို့နှင့်အိပ်မည်မို့ သူအတင့်ရဲနေခြင်းပင်။

လက်နှစ်ဖက်လုံး မအားတဲ့ရွယ်လူးကို ခါးမှသိုင်းဖက်ကာ ပခုံးပေါ်မေးတင်ပြီး လည်တိုင်တွေကိုလည်း အလွတ်မပေး။
ပါးရိုးတစ်လျှောက် ညင်သာစွာနမ်းရှိုက်မှု၊နားထဲစိမ့်ဝင်လာတဲ့ ထွက်သက်နွေးနွေး ဒါတွေက လူကိုထူပူလာစေတယ်။

"ကိုပေါ ခင်ဗျား...ခင်ဗျားသား.သုံးနှစ်သား
ဖြစ်နေတာတောင် နို့စို့တုန်းနော် အဲတာခင်ဗျားအလိုလိုက်လို့.....

ပါးစပ်ထဲတွေ့ရာ လျှောက်ပြောခြင်းက ကိုပေါကို ရပ်တန့်စေမည်လို့ ဘာကြောင့်ထင်မိရတာလဲ။
ရွယ်လူးမှာ ယောက်ျားကိုကြောက်ရပါသည်ခုလည်းအိပ်ခန်းထဲ ဆွဲခေါ်ခံရပြီး မျက်ရည်တွေထွက်သည်ထိ နိပ်စပ်ခံရဦးမည်။ဖေဖေမေမေ ကြားမှာစိုးတာကြောင့် အသံထုတ်လည်း အော်ရဲမှာလည်းမဟုတ်။

ကိုပေါWhere stories live. Discover now