နေ့လည်ကတည်းကဂျောင်ဂုက သူ့ကိုစိတ်ကောက်သလိုမြင်တာနဲ့ တစ်ချက်ပဲကြည့်ပြီးအကြည့်လွှဲသွားတတ်သည်။ဖွားတို့နဲ့စကားပြောရင် ရယ်မောနေပြီးသူလာတာနဲ့တိခနဲရပ်သွားပြီး မုန့်ကိုသာဆက်စားနေသည်။
"အိုး...ငှက်ပျောသီးကိတ်ပဲ။ဖွားကလည်း ကျွန်တော့်ကိုခေါ်တောင်မခေါ်ဘူးနော်။"
"မင်းကခဏခဏစားရတယ်လေ။ပြီးတော့ ငယ်ငယ်ကတည်းကအခုထိ စားဖူးနေတာပဲ။ကောင်လေးက အခုမှစားရတာ။သားလေး စားကောင်းလား..."
"ဟုတ် အများကြီးစားကောင်းတယ်~"
ပလုတ်ပလောင်းစားနေပြီး ပြန်ပြောနေတဲ့ပုံလေးက ကလေးလေးကျနေတာပဲ။အဲ့ဆံပင်က စည်းထားသေးတော့ ဂျောင်ဂုရဲ့ဂုတ်ဖြူဖြူလေးက ကြည့်ကောင်းနေသည်။T-shirt အမည်းလက်တိုလေးဝတ်ထားတာမို့ အသက်အရွယ်နဲ့မလိုက် ထွားကြိုင်းနေတဲ့အဲ့လက်မောင်းတွေကို ထယ်ယောင်း တစ်ခုခုလုပ်ပြစ်လိုက်ချင်တော့သည်။
"နေကောင်းခါစ လူကလဲ စားလိုက်သောက်လိုက်တာ ကြောက်ဖို့တောင်ကောင်းတယ်။"
"အဲ့တော့~"
ဒါလေးပြောတာကို လေသံမာမာနဲ့ပြန်ပြောလာတဲ့ ဂျောင်ဂုကြောင့် ထယ်ယောင်း
"အဲ့တော့ကြည့်မရဘူး!"
"ကြည့်မရရင်မကြည့်နဲ့ပေါ့ ဘယ်သူကအတင်းကြည့်ခိုင်းနေလို့လဲ ကင်မ်ထယ်ယောင်းရှီ"
"မင်းနော်! ဖွားရှေ့မှာမို့လို့ ဖွားမရှိရင်ငါဆဲလိုက်ပြီ..."
စကားအခြေအတင်ဖြစ်နေကြတဲ့သူတို့နှစ်ယောက်ကို ဖွားကစိတ်အလိုမကျသလိုခေါင်းခါကာ သူ့လက်မောင်းကိုလာရိုက်သည်။
"ဖွား!!"
"အမလေး ပြန်အော်နေလိုက်တာ။ကိုယ့်ယောက်ျားကိုယ်ဘယ်လိုပြောနေတာလဲ ကင်မ်ထယ်ယောင်းရယ်။မဖြစ်ဘူး မင်းတို့တွေဆိုးလ်ကိုပြန်တဲ့အခါကျရင် မင်းအမေကိုသေချာဖုန်းဆက်ရမယ်။ကလေးနှစ်ယောက်ကိုဒီအတိုင်းလွှတ်မထားနဲ့ သေချာသွန်သင်ပေးပါဆိုပြီး ငါကိုယ်တိုင်ဖုန်းဆက်မယ်။"
"လူယုတ်မာကောင်~"
ပါးစပ်ကအသံသေးသေးလေးထွက်ရုံသာပြောပြီး သူ့ကိုနှုတ်ခမ်းကိုက်ပြသည့်ထယ်ယောင်းကြောင့် ဂျောင်ဂုရင်ဘတ်ထဲကလိကလိဖြစ်လာရသည်။ဖွားကထပြီး အဖိုးအတွက်နွားနို့ထည့်ပေးနေတာကြောင့် သူတို့နှစ်ယောက်သာကိတ်မုန့်စားရင်းကျန်ခဲ့သည်။