Part 15

5.3K 330 16
                                    

Unicode

ညအထိကို ပြင်ဆင်မှုမရှိပဲ တိတ်ဆိတ်နေပြီး အားလုံးက ထင်းမီးဖို ဖိုပြီးစကားလက်စုံပြောရင်း အိပ်ရာဝင်ခဲ့တာဖြစ်သည်။ မြန်မာ့ဂုဏ်ရည် အိပ်ပျော်သလိုလို အိပ်မပျော်သလိုလိုနဲ့ နိုးလာခဲ့တာ။ ဘန်ဂလိုထဲက ထင်းမီးဖိုဘက်မှာ ဝါကျင့်ကျင့်မီးလုံးတစ်လုံးကလင်းနေသည်။ သူတစ်ဖက်လှည့်ကြည့်လိုက်မိကာ

“အား…”

“မြန်မာ့ဂုဏ်ရည် ဘာဖြစ်တာလဲ”

မြန်မာ့ဂုဏ်ရည် လန့်ပြီးငုတ်တုတ်ထထိုင်လိုက်ရတာဖြစ်သည်။ တစ်ဖက်က ရေးဇိန်မင်းထင်က ကုတင်ပေါ်မှာငုတ်တုတ်ထိုင်ပြီး သူ့ဘက်ကိုကြည့်နေတာမလား။ ရုတ်တရက် ရေးဇိန်မင်းထင်ကို မတွေးမိပဲ လန့်သွားပြီး ထထိုင်လိုက်တာဖြစ်သည်။ အခုတော့ သူ့ဘေးကို ရေးဇိန်မင်းထင်က ရောက်လာကာ ဘေးမှာဝင်ထိုင်ပြီး သူ့ပုခုံးကို ကိုင်ထားသည်။

“မင်း အမှောင်ထဲမှာ ဘာလုပ်နေတာလဲ”

“အိပ်မပျော်လို့ မင်းကို ကြည့်နေတာလေ လန့်သွားတာလား”

“မလန့်ပဲနေမလား၊ မင်းဆိုရင်ရော မလန့်ဘူးလား”

“ကိုယ်က မကြောက်တတ်ဘူး”

အပြင်မှ ခြေသံတွေလိုလို ကြားနေရတာကြောင့် သူအသံကြားရာကိုလှည့်ကြည့်မိသွားသည်။

“ဘာသံတွေလဲ”

“မနက် ၅ နာရီ ရှိပြီ၊ သူတို့ပြင်နေကြတာ ထတော့ နည်းနည်းသွေးပူသွားအောင် လမ်းပတ်လျှောက်ရအောင်၊ ပြီးရင် ရေချိုးရအောင်”

မြန်မာ့ဂုဏ်ရည်မှာ ဆွဲခေါ်သွားတဲ့သူနောက်ကိုသာပါသွားပြီး စကားတောင်မပြောနိုင်။ သူ့ကိုဒီအတိုင်းနှိုးပြီးခေါ်သွားတာမဟုတ်။ သူ့နှာသီးထိတ်ကို နှုတ်ခမ်းနဲ့ထိသွားတာ။ ဒီကောင် မလုပ်ရဲတာမရှိ။ မပြောမဆိုနဲ့သူ့ကို အသားယူနေတာ တော်တော်များနေပြီဖြစ်သည်။

“မြန်မာ့ဂုဏ်ရည် သွေးပူအောင် မြန်မြန်လျှောက်မယ်”

“မင်း ပြင်ဆင်နေတာကို သွားမကြည့်ဘူးလား”

“မလိုဘူး သူတို့ကို လိုချင်တဲ့အရောင်တွေ ပုံစံတွေအားလုံး ပြောပြထားပြီးသား”

DUSK TILL DOWN [Complete] U & ZWhere stories live. Discover now