Episode 15

196 29 0
                                    

Han Zhuoyu က မှင်တက်နေရင်းနဲ့ ကျောင်းကနေ စက်ဘီးစီးပြီး ထွက်လာတယ်။ သူအသိပြန်ဝင်တော့ သူက မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီနေရာက ဆောက်လုပ်ဆဲ ဖြစ်တယ်။

ခဲရောင်ကွန်ကရစ်ရှိတဲ့ အဆောက်အအုံတွေက မြင့်မားစွာ ရပ်နေကြပြီး အဆောက်အအုံဘေးမှာ ဆောက်ထားတဲ့ ငြမ်းတွေက ကျိုးတို့ကျဲတဲနဲ့ ယိုယွမ်းပျက်စီးနေတယ်။ ဒီနေရာရဲ့ ဆောက်လုပ်ရေးက ပစ်ထားခံရပြီး မပြီးသေးတာက သိသာတယ်။

ဆောက်လုပ်ရေးနေရာမှာ ဘယ်သူမှမရှိပေ။ ဘိလပ်မြေပိုက်တွေနဲ့ သဲအိတ်တွေက ပစ်ထားခံရပြီး ရေညှိတောင်တက်နေကာ မြင်ရတာ စိတ်ပျက်စရာ ကောင်းနေတယ်။ ဒီလို တိတ်ဆိတ်ပြီး လူရှင်းတဲ့ ပတ်ဝန်းကျင်က ဆယ်ကျော်သက်လေးကို လုံခြုံစေတယ်။ သူက စက်ဘီးကို ပစ်ချလဲပြီး ဘိလပ်မြေပိုက်ရဲ့ ထိပ်ကို တက်လိုက်ကာ အုံ့မှိုင်းနေတဲ့ ခဲရောင်ကောင်းကင်ကို ကြောင်အစွာ ငေးကြည့်နေတယ်။

9527 က ဘာစကားမှတောင် မပြောရဲပေ။ Host ကအခုဆိုရင် သိသိသာသာကို နာကျင်စရာကောင်းတဲ့ ရင့်ကျက်ကြီးပြင်းလာမှုကို ကျော်ဖြတ်နေတာလေ။ သူ့အနေနဲ့ တိတ်ဆိတ်ပြီး တွေးတောနေကာ အနည်ထိုင်ဖို့ လိုအပ်လေတယ်။ သူသာ ဘေးနားက စကားတွေ များနေရင် host ကို ပိုပြီး အတိုက်အခံလုပ်အောင် လုပ်သလို ဖြစ်လိမ့်မယ်။

[ ဟူး...]

9527 က ခါးသီးစွာ သက်ပြင်းချလိုက်တယ်။ သူ့ကို အဆင့်မြှင့်တင်ဖို့ 148 မှတ်လိုသေးတယ်။ ရင်တွေ နာလိုက်တာ။

နေ့လည် 12:15 ရောက်တော့ ဆယ်ကျော်သက်လေးရဲ့ ဇီဝနာရီအရ ဗိုက်ဆာလာတယ်။ အဲ့အချိန်မှပဲ မနက်စာစားဖို့ မေ့နေတာကို သတိရလိုက်တယ်။ သူက လွယ်အိတ်ကိုဖွင့်ကာ အဘွား Zhou ပေးလိုက်တဲ့ ပေါက်ဆီနှစ်လုံးကို တစ်တိတိ စားလိုက်တယ်။

အေးနေတဲ့အတွက် ပေါက်ဆီရဲ့ အချိုအရသာက ပိုသိသာနေကာ လျှာဖျားမှာ ပေသွားပြီး ဆယ်ကျော်သက်လေးရဲ့ မျက်လုံးလှလှလေးတွေက အလိုအလျောက် ကွေးညွှန့်သွားတယ်။

Woof... Woof... Woof

Meow...

ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့ လမ်းဘေးခွေးလေးတွေနဲ့ ကြောင်လေးတွေက ဘိလပ်မြေပိုက်အောက်မှာ ဆယ်ကျော်သက်လေးကို ဝိုင်းကြည့်နေကြတယ်။ သူတို့ရဲ့ အမွှေးတွေက ညစ်ပတ်ပေရေနေကာ ခန္ဓာကိုယ်က ပိန်ပါးနေပြီး နံရိုးတွေတောင် ဗိုက်မှာပေါ်နေတယ်။ သူတို့ကြည့်ရတာ သနားစရာ ကောင်းနေတယ်။

အားလုံးက Han Zhouyu ကိုချစ်ကြတယ်။Where stories live. Discover now