" Lovingly divorced "♡
အပိုင်း (၁၄)
" နာမည်ကြီးကလည်း ဆိုးလိုက်တာ "
" အဲ့လိုမပြောရဘူးလေ သူ့ကို ရုန်းလို့ ခေါ်ကြတယ် "
မိုင်းက လိုက်ရွတ်ကြည့်သည်။
" ရုန်း...ရုန်ရုန်း?"
" အင်း... ဟုတ်တယ် ရုန်း "
"အဟက် ဟား ဟား ဟား.. "
အဲ့ဒိနောက် ရယ်သံတွေက ဝေးသွားလိုက်၊ နီးလာလိုက်နှင့် မိုင်းမျက်ခုံးတို့ကို တွန့်ချိုးကာ ထိုအသံများနောက် လိုက်လံရှာဖွေနေမိသည်။
" Boss ဖရဲခင်းမှတ်တိုင်ကို ရောက်ပါပြီ "
သုမုချွန်က မိုင်းလက်မောင်းကို အသာအယာ လှုပ်နှိုးလိုက်တော့ အတိတ်ဆီလွင့်ပျံနေသည့် မိုင်းစိတ်တွေက ပစ္စုပ္ပန်ဆီသို့ ပြင်လည် ချဉ်းကပ်လာခဲ့သည်။
သူက ကိုယ်ကိုမက်မက်ပြန်ထိုင်လိုက်ရင်း တွန့်ကြေသွားသည့်အဝတ်တို့ကို ပြန်ပြင်လိုက်သည်။
သူ သက်ငွေ့ဖွဖွချမိသည်။
အတိတ်က အဖြစ်အပျက်တွေက မနေ့တနေ့ကအတိုင်းပါပဲလား. ဆယ့်တစ်နှစ်တောင်ရှိသွားခဲ့ပြီ ဆိုရင်တောင်မှပေါ့...
::::::::::
ကားလေးက မြောင်းတကာစက်မှုဇုန်ထဲသို့ ချိုးကွေ့ဝင်ကာ စက်မှုဇုန်လမ်းတလျောက်မောင်းဝင်လာခဲ့သည်။ ဧကရာကျော်ကျယ်ဝန်းသည့် ဆောက်လက်စ.အဆောက်အအုံများရှိရာ ခြံဝင်းကြီးထဲသို့ ကားလေးကိုမောင်းဝင်လာခဲ့သည်။
ရုံးခန်းအဆောက်အအုံရှေ့မှာ ကားရပ်လိုက်ပြီး Boss မိုင်းနှင့် သူ့လက်ထောက်သုမုချွန်တို့ဆင်းလာတော့ ဆိုက်တာဝန်ခံမန်နေဂျာနှင့်တာဝန်ခံအင်ဂျင်နီယာမှူး(E.E)တို့က ကပျာကယာလေးလာကြိုကြသည်။
Moon Group ၏ အပန်းဖြေအိမ်ယာစီမံကိန်းဖြစ်၍ ဆောက်လက်စအဆောက်အအုံတွေကလည်း ထိုဧကရာကျော်ကျယ်ဝန်းသည့် မြေကွက်ကြီး၌ အစီအရီရှိနေကြသည်။
စက်မှုဇုန်၏အစွန်အဖျားပိုင်း၌တည်ရှိနေသော်လည်း လယ်ယာမြေနေရာဟောင်းများဖြစ်သည့်အပြင် ကပ်လျက်မြေကွက်များမှာ ပန်းစိုက်ပျိုးရေးခြံများသာဖြစ်၍ လေထုညစ်ညမ်းမှုကလည်း မသိပ်သည်းလှပေ။