Book 12 Chapter 160

215 25 0
                                    

Uni

အခန်း (၁၆၀) မျက်လုံးကိုတော့ကျယ်ကျယ်ဖွင့်ထားဖို့လိုတယ်

လေးကြိုးက သက်လတ်ပိုင်းလူရွယ် သိုင်းသမား၏လည်ပင်းတွင် ရစ်ပတ်လျှက် သွေးများချက်ချင်းစီးကျလာသည်။

နာကျင်မှုက သူ့တစ်ကိုယ်ဖုံးလွှမ်းသွားပြီး သေရတော့မည်ဆိုသောအသိက သူ့ကို စိတ်ပျက်အားလျော့သွားစေသည်။

လျိုရှန်းဖုန်းက လေးကြိုးကိုကိုင်ထားသည့် သူ့လက်မှစွမ်းအားကို ထိန်းထားပြီး ရန်ကျောက်ကဲနှင့် ကျန်းယောင်ကို ခေါင်းမော့ကြည့်ကာ ပြုံးပြသည်။ ထိုအပြုံးက သွေးဆာနေသည့်အပြုံးမျိုးပင်။

ကျန်းယောင်အနည်းငယ် မျက်နှာပျက်သွားပြီး...

"ရှင်က အဆုံးမဲ့တောင်တန်းက အစ်ကိုကြီး'လျိုရှန်းဖုန်း' မဟုတ်လား ၊ ဒီလူက အစ်ကိုကြီးကို ဘယ်လိုအမှားများ ပြုမိလို့ ခုလိုဖြစ်ရတာလဲ"

လူရွယ်သိုင်းသမားသည် သူ့ကိုဘာမှမလုပ်နိုင်တော့သည်မှာ ထင်ရှားသော်လည်း လျိုရှန်းဖုန်းကတော့ သူ့ကို သတ်ဖြတ်ပစ်ချင်နေဆဲ ဖြစ်၏။

ကြည်လင်လျှို့ဝှက်ရေကန်ဆိုသည်က လှိုင်းနက်ဂေဟာ၏ပိုင်နက်ဖြစ်သလို ကောင်းမွန်သာယာသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။

လူရွယ်သိုင်းသမားသည်လည်း လှိုင်းနက်ဂေဟာ၏ ခွင့်ပြုချက်ဖြင့် ဤနေရာသို့ဝင်ရောက်ကာ ရတနာရှာဖွေခြင်း ဖြစ်သည်။ ယခုတော့ သေလု‌မျောပါး ဒဏ်ရာပြင်းထန်စွာ ရရှိရုံသာမက ရက်ရက်စက်စက်လည်း နှိပ်စက်ခံထားသည်။ ကျန်းယောင်အနေဖြင့် ထိုအချက်ကို မည်သို့မှ လက်မခံနိုင်ပေ။

သူတို့၏ကျင့်ကြံခြင်းအဆင့်က များစွာကွာခြားသည့်တိုင် ကျန်းယောင်က ငယ်စဉ်ကပင် လှိုင်းနက်ဂေဟာ၏ သင်ပြပေးမှုအောက်တွင် ကြီးပြင်းလာသူဖြစ်ရာ စကားသံက ထစ်ငေါ့ခြင်းမရှိဘဲ တည်ငြိမ်သည်။

သို့သော် လျိုရှန်းဖုန်း ပြောလိုက်သည့် ပထမဆုံးစကားက သူမကို အံ့အားသင့်သွားစေသည်။

"သူက ငါ့ကို မစော်ကားပါဘူး ၊ သူငါ့ကိုကြည့်တဲ့အကြည့်ကို သဘောမကျလို့ သူနဲ့ နည်းနည်းပါးပါး သွေးပူလေ့ကျင့်ခန်း လုပ်လိုက်တာ"

မိုးကောင်းကင်၏ မဟာအကြံအစည် (Myanmar Translation) Part IWhere stories live. Discover now