152: Vol 13: 10

3.8K 765 54
                                    


Unicode

"ဒီခံစားချက်ပဲ" ကျန်ကျိချန်က ခြေတစ်လှမ်းလောက်ပဲဆုတ်ပြီး ရပ်တန့်လိုက်တယ်။ သူက ရှောင်လီကို ပြောတယ်။
"အရင်းအမြစ်က ဘယ်မှာလဲဆိုတာကို ငါ့မျက်လုံးတွေနဲ့ ရှာမတွေ့သလို ရှာလည်း မရှာရဲဘူး။ သရဲနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ?"

အခန်းက ကြီးမားပြီး သရဲအနေနဲ့ ပုန်းစရာနေရာတွေ အများကြီးပဲ ရှိတယ်။ အဝတ်ဗီရိုအံဆွဲကနေ ကုတင်အောက်၊ အိမ်သာ စသဖြင့် အဲ့ဒီနေရာတိုင်းဟာ သရဲတွေ ပုန်းခိုရတာ ကြိုက်တဲ့နေရာတွေချည်းပဲ။ ရှောင်လီက ပတ်ပတ်လည်ကို ကြည့်လိုက်ပေမယ့် စိုက်ကြည့်ခံရတဲ့အရင်းမြစ်ကို ရှာမတွေ့ဘူး။

အဲ့ဒီတိုင်အောင် သူက စိန်ခေါ်မှုကို လက်ခံလိုက်ပြီး ကျန်ကျိချန်ရဲ့အခန်းကို စတင် ရှာဖွေတော့တယ်။ ပထမဆုံး သူက နံရံကပ်ဗီရိုကို စတင်ရှာတယ်။ သူက ဗီရိုတံခါးကိုဖွင့်ကြည့်တော့ အလွတ်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဟိုတယ်က ပေးထားတဲ့ ရေချိုးသဘက်၂ခုပဲ ရှိနေတယ်။

ပြီးတော့ စားပွဲအံဆွဲထဲမှာလည်း ထမင်းစားတူတစ်စုံကလွဲပြီး ဘာမှမရှိပေ။ နောက်တစ်နေရာက ကုတင်အောက်...

ကျန်ကျိချန်က ပထမတော့ ကြက်သေသေနေပြီး ရှောင်လီက အချက်ပြလိုက်တော့မှ ပူးပေါင်းပါဝင်လာတယ်။ သူ့လက်တွေ တုန်ယင်နေပေမယ့်လည်း ရေချိုးခန်းထဲရှာနေရင်း သူ့ကိုယ်သူ အခန်းထဲက တိုက်ရိုက်ထွက်မသွားမိအောင် ထိန်းနေရတယ်။ သို့သော်လည်း သူတို့ဘယ်လောက်ရှာရှာ ဘာသဲလွန်စမှ မတွေ့ပါဘူး။ အဆုံးမှာတော့ ခံစားချက်က ပိုပိုပြီး ပြင်းထန်လာတယ်။ မမြင်ရတဲ့'လူ'တစ်ယောက်က သူတို့နောက်ကျောမှာရပ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေသလိုပါပဲ။

ရှောင်လီက ကော်ဇောကို မလိုက်တယ်။ သူက ကိုယ်ကိုအနည်းငယ်ကိုင်းပြီး ဒူးပေါ်ကဖုန်တစ်ချို့ကို ခါထုတ်လိုက်ကာ အခန်းထဲလှည့်ပတ်ကြည့်ပြီးတဲ့နောက် နောက်ဆုံး ပြတင်းပေါက်ဆီ လျှောက်လာတယ်။

ကျန်ကျိချန်က သူ့နောက်မှာ လေးလံစွာ သက်ပြင်းချလိုက်တယ်။ "မင်း ရှာမတွေ့ဘူးဆိုရင်လည်း မရှာပါနဲ့တော့... ထားလိုက်ပါ"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now