အခန်း(၆၉၂)

470 46 2
                                    

အခန်း(၆၉၂)

ငါက သူအသက်ကြီးလာတဲ့အထိ စောင့်မယ်။







အကယ်၍ ထိုနှစ်တွင် Han Yunxi ကြောင့်သာမဟုတ်လျှင် သခင်မ Helian နှင့် ယိအာလေး တို့မှာ သခင်မ Xu ကြောင့် ၏အိမ်မှနှင်ထုတ်ခံရသည်မှာ ကြာပြီဖြစ်သည်။ သူတို့က ယနေ့အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ဟန်မိသားစုမှာ Han Yunxi အပေါ် များစွာ အကြွေးတင်ခဲ့သည်။ သူမက သူတို့၏ အရည်အချင်းအရှိဆုံးသားအား ကယ်တင်ရန် သူမကိုယ်တိုင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ကာ သူတို့အား ကာကွယ်ရန် ကြိုးစားပေးခဲ့သည်။ သခင်မ Helian မှာ တစ်ချိန်က Han Yunxi မှာ မိခင်နှင့်သားအား သူမ၏ ချုပ်ကိုင်မှုအောက်တွင် ထိန်းသိမ်းထားနိုင်ရန် ထိုကိစ္စများ လုပ်ဆောင်ခဲ့သည်ဟု သံသယဝင်ခဲ့ကြောင်း ဝန်ခံနိုင်သည်။ ဤနည်းဖြင့် ဟန်အိမ် ၏ ဆေးဆိုင်များ၊ အိမ်တော်များနှင့် ပိုင်ဆိုင်မှုအားလုံးမှာ သူမ၏ ပိုင်ဆိုင်နိုင်မှုဖြစ်လာလိမ့်မည်။ 

သို့သော် Han Yunxi မှာ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ သူမက လုပ်ဆောင်ပေးခဲ့သမျှမှာ ဟန်မျိုးနွယ်အတွက်ပင်။ သူမက ယိအာလေးအား တာဝန်သိတတ်သော ယောက်ျားတစ်ယောက်အဖြစ် ကြီးပြင်းစေရန် ပျိုးထောင်ပေးကာ ဟန်အိမ်၏ ဆေးဆိုင်များအား  ပြန်လည် မြင့်တက်လာစေရန် သူ၏ ပုခုံးပေါ်တင်ထားခဲ့သည်။ Han Yunxi မှာ ယိအာလေး အပေါ်တွင် သူ၏ မိခင်ကဲ့သို့  ချစ်မြတ်နိုးသူ  ဖြစ်သည်။ ယခုတွင် သားဖြစ်သူ၏ မျက်လုံးထဲမှ ခေါင်းမာသော အကြည့်အား ကြည့်နေရင်း သခင်မ Helian မှာ မျက်ခုံးများသာ ကျုံ့လိုက်တော့သည် ။

သူမ ဘာကို စိတ်ပူနေတာလဲ။

အတိတ်တွင် အစ်မဖြစ်သူအား ကျေးဇူးဆပ်ချင်ကြောင်း ပြောသည့်အချိန်တိုင်း သူမက ယိအာအား ယောက်ျားကောင်းတစ်ယောက် ဖြစ်ကြောင်း အမြဲတစေ ချီးမွမ်းလေ့ရှိသည်။ သူမက သူ့အား ကျေးဇူးကန်းခြင်း မပြုရန်ပင် သင်ကြားပေးခဲ့သည်။ သို့သော် ယနေ့တွင် သူမက စိုးရိမ်စိတ်များသာ ပြည့်နှက်နေသည်။ သူမက ထိုသားအား ဆုံးရှုံးလိုက်ရခြင်းထက် မည်သည့်ကိစ္စကိုမှ မကြောက်ပေ။ထို့ကြောင့် သူမက ကိုယ့်ကိုကိုယ် ထိန်းသိမ်းထားနိုင်သော အရာအချို့ရှိနေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် Book 4 Where stories live. Discover now