ဒီနေ့ဆိုရင် ရိပေါ်ဆေးရုံကဆင်းသည့်နေမို့ အိမ်မှာကျန်နေသည် ညီမနှစ်ယောက်သည် အကိုနှစ်ယောက်အတွက် သန့်ရှင်းလုပ်ပေးခဲ့သည်။
ရိပေါ်သည်ဆေးရုံအနံကိုမခံနိုင်တာမို့ V.V.I.P Room ကိုပြောင်းသော်ငြားလည်း ဒဏ်ရာတွေကသက်သာစပြုပြီမို့ ဆရာဝန်တွေက ဆေးရုံကဆင်းလို့ရကြောင်းပြော၍ ရှောင်ကျန့်ပြန်ခေါ်ခဲ့ချင်းဖြစ်သည်။
ရိပေါ်၏မျက်လုံးကိုတော့ တစ်ပတ်ကို နှစ်ကြိမ်၊သုံးပတ်ကို ငါးကြိမ်လောက် စစ်ဆေးဖို့ ရက်ချိန်းယူခဲ့၍ ပြန်လာခဲ့သည်။
"ဝမ်.."
"ဗျ"
"အများကြီးစိတ်မထိခိုက်ပါနဲ့နော်။ကိုယ်တို့အားလုံးရှိနေတာပဲကို.."
"မောင်ရယ်..ငါ ငါနားလည်ပါတယ်"
"အိမ်ရောက်ပြီဝမ်..လာ ကိုယ့်ချီမယ်"
"အဲ့လောက်ထိလည်းမလိုပါဘူးမောင်ရယ်..ငါဝိုးတဝါးတော့မြင်ရပါတယ်"
"မရပါဘူး..ကိုယ့်ချီမယ်"
"အမေ့!"
"မကြောက်နဲ့..ကိုယ့်ကိုသေချာဖတ်ထား"
"ဟုတ်.."
ရှောင်ကျန့် ရိပေါ်ကိုပွေ့ချီလျက် အိမ်ထဲသို့ဝင်သွားသည်..။
"ကောတို့ပြန်လာကျပြီလား?"
"အင်း.."
"မနက်ဖြန်ဆေးရုံထပ်ပြရမယ်မဟုတ်လား?"
"အင်း ဘာဖြစ်လို့လည်း လုလု"
"ဘာမှမဟုတ်ပါဘူ ခဲအို..ညီမ မနက်ဖြန်မပြရဘူးထင်ပြီး အိပ်ယာထနောက်ကျမှာဆိုးလို့"
"အဲ့တာတွေခဏထားပါအုန်း အခုဗိုက်ဆာတယ်"
"ဗိုက်ဆာနေပြီလား?အစုံလုပ်ထားတယ်ကော"
"အခု ခံတွင်းတွေ့နေတာ အမဲအူစွတ်ပြုပ်ပဲ..။အဲ့တာလုပ်ထားတာမရှိဘူးလား လုလု"
"ရှိပါတယ် ဝမ်ကောရယ်..။လုလုမလုပ်တတ်လို့ ကျတော်လုပ်ထားတာပါ မီးဖိုက မချရသေးဘူး..ခဏနေချပေးမယ်လေ"
"အင်း.."
15 Minutes Later
" ဝမ်ကော.."