***
"မ...အရမ်းလှတာပဲ"
သတို့သမီး၀တ်စုံ နှင့် သူမကို သူက ရွှန်းရွှန်းစားစား ကြည့်ပြီး ပြောနေခြင်းပင်...
"တကယ်ကြည့်ကောင်းလား..မောင်"
သူမ ထပ်မေးတော့ မောင်က သူမအား ဖွဖွဖက်ကာ
"အရမ်းလှလွန်းလို့... မောင် အနားကတောင် မခွာချင်တော့ဘူး"
"အဟွတ်..အဟမ့်"
ချောင်းဟန့်သံနှင့်အတူ ဖေဖေမေမေနှင့်..
"ကဲကဲသဲသဲ လင်မယားတွေ ပွဲချိန်နီးနေပြီ...ညကျမှ အေးဆေးဖက် ကြ အခု နောက်ကျတော့မယ် သွားကြရအောင်"
ဒေါ်သီတာက အသံကျယ်ကျယ်ဖြင့် ပြောလေတော့ မောင်ရော သူမပါ ရှက်သွေးဖြန်းပြီး ရယ်မိကြသည်။.....
ခန်းမထဲ၌ မဂ်လာ သီချင်းသံက ပျံ့လွင်နေရင်း...
🎼🎼🎼🎼🎼🎼🎼
သွေမပျက်တဲ့ မေတ္တာ
ရေစက်ရဲ့ ရှေးအလာ
မနှေးအခါခါ ချင့်တွေး
ဖြစ်ရေးခု သမုဒယနွယ်လာ
ဪ ဖြစ်ရေးခု သမုဒယနွယ်လာ
အခုဘဝတကယ် ဘယ်မမုန်းတော့လေး လေး လေးရှေးရေစက် အကြောင်းဖက်ဖန်လာ
ရွှေပဒေသာ ငွေပဒေသာ
ဝေဝေဆာဆာ စွေရွာဖြိုး
ရတနာမိုးသွန်းတဲ့ ရက်ဖြတ်မင်္ဂလာအခါဇေယျတု သဗ္ဗမင်္ဂလာ
အောင်စေအတိတ်နဲ့ကြွေးကြော်ညံစာ
သပြေနုမှာ ငွေခရုပါ
မသွေယခုပြုကြတဲ့ မင်္ဂလာအခါ
အောင်စေကြောင်း ဆုတောင်းသွန်းပဌနာတန်ဖိုးအနဂ္ဃရတနာ နိတုံရွှေကိုသာ
နဝရတ် ကျောက်မျတ်ပုလဲနဲ့
စီခြယ်သွန်းသည့်ခါ
မင်္ဂလာခညောင်း အပေါင်းကျတ်သရေပြည့်စုံလာ
မောင်နဲ့မေ နှောင်ဖွဲ့အခြေမှာ
နေနဲ့လ ရွှေနဲ့မြပုံပမာ🎼🎼🎼🎼🎼🎼🎼
သူမတို့နှစ်ဦးသား လက်တွဲ လျှောက်ရင်း သတို့သား သတို့သမီးနေရာအား ၀င်နေရာယူလိုက်သည်။
ထို့နောက် ဘိသိတ်အခါမြောက်ပြီး နှစ်ဦးသား လက်စွပ်လဲလှယ်ကာ..ပွဲ လာ ဧည့်သည်များကို လိုက်လံ ဧည့်ခံ စကားပြောကြသည်။
"ကိုကို...များများစားနော်..ဟီး"
သူမ က ပြုံးဖြီးရင်း ပြောတော့ ကိုကိုက
"ခတ်လေး...အရင်တုန်းက နဲ့တစ်ခြားစီနော်..မျက်နှာက ပြုံးပျော်နေရောပဲ"
"ကိုကိုကလဲ"
ဇစ်က အနားလာ၍
"ကိုမွန်းမံ..လာပေးတာ ကျေးဇူးပါဗျာ"
"လာရမှာပေါ့...ကို အိုအေဇစ်ရာ...ဒီက ခတ်လေးကို စိတ်ချမ်းသာအောင် ထားပါဗျာ...သေချာ အပ်ပါတယ်"
"ဟုတ် စိတ်ချ အကို... မ ကို ကျွန်တော် ထပ်ပြီး စိတ်မညစ်စေရပါဘူးဗျာ"
ပြောပြီးနောက် သူမ မောင့်အား ကြည့်ကာ ပြုံးမိသည်။....
"မောင်...ဒီနေ့ ပင်ပန်းလိုက်တာနော်"
သူမက အကျီလဲ ပြီးနောက် ကုတင်ပေါ်တက်ကာ လှဲရင်း ပြောမိသည်။
"မောင်က ထပ်ပင်ပန်းချင်သေးတယ် မ; ရဲ့"
သူမအနားကပ်ကာ မွှေးကြူရင်း မောင်က ပြောတော့ သူမ ကိုယ်လေး တွန့်သွားရင်း
"သွား...မောင် ...ဒီနေ့တော့ မရဘူး...တို့ အရမ်းပင်ပန်းနေပြီ"
သူမ ငြင်းဆန်တော့
"မ ကလည်းဗျာ...ခွဲနေရတာ ကြာပြီဗျ...မောင် အလွမ်းသယ်ချင်နေပြီ "
ပြောလည်းပြော သူမ နှုတ်ခမ်းထက်သို့ မောင်အနမ်းများ ၀င်ရောက်လာသည်။
သူမ တွန်းဖယ်ရင်း.."ဟာ..မောင် အရင်ရေချိုးလိုက်နော်..ချစ်တယ်..မွ"
သူမ ချစ်စနိုးမွေးမွေးပေးပြီး မောင့်အား တွန်းလွှတ်တော့ မောင်က မထချင် ထချင်နှင့် ရေချိုးခန်း၀င်သွားလေသည်။
ဇစ် ရေချိုးပြီး ပြန်ထွက်လာတော့ သူမလေးက ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေပြီဖြစ်သည်။
သူ အ၀တ်အစားလဲ ပြီးနောက် သူမဘေးသို့ လဲလျောင်းကာ သူမလေးအား ရင်ခွင်ထဲ ပွေ့ဖက်လိုက်ရင်း နမ်းရှိုက်တော့
"အင်း"
သူမလေးက ညည်းရင်း ကိုယ်လေး လှုပ်လာပေမဲ့ မျက်လုံးတို့က အိပ်ပျော်နေဆဲပင်..သူစိတ်ဆန္ဒတို့ကို ချုပ်ထိန်းကာ သူမလေးနဖူးထက် အနမ်းခြွေရင်း...သူလည်း အိပ်စက်ခြင်းဆီသို့........................................................................................✨✨အမှားပါရင်-ခွင့်လွှတ်ပါ✨✨
နောက်တစ်ပိုင်းဆို ပြီးပါပြီနော်...
အပိုင်း-၂၈(ဇာတ်သိမ်း) ဆက်ရန်....
YOU ARE READING
In-Your-Heart ❤️
General Fictionရင်ခတ်ပန်း အရမ်းရှေးရိုးဆွဲတဲ့ မိသားစုက ကြီးပြင်းလာတဲ့သူမက မိဘစိတ်တိုင်းကျ အလုပ်ကိုဦးေဆာင်ေနပြီး လူကြီးတစ်ယောက်လို ပြုမူနေပေမဲ့ တကယ်တမ်းတော့ သူမရဲ့ အခြားတစ်ဖက်က ခေတ်ပေါ် အ၀တ်အစားများနဲ့ လွတ်လပ်တဲ့နေထိုင်မှု ပုံစံကို နှစ်သက်သည့် ပုံစံနှစ်မျိုးနဲ့...