"Good Morning Poem"
🌤🍃
အချစ်က သာယာတယ်။မနက်ခင်းတွေဟာ လှပတယ်။
ချစ်ခြင်းအပြည့်နဲ့ နေ့သစ်တစ်နေ့ကို ဆောင်ယူလာတတ်တဲ့ မနက်ခင်းတွေတိုင်းမှာကိုယ်က ရောင်နီပက်ဖြန်းတဲ့ မင်းမျက်နှာကို အရင်ငေးကြည့်မယ်။
ငှက်ကလေးတွေ တကျီကျီ မြည်တမ်းရင်း အစာရှာကြတော့ မင်းလည်း နိုးထဖို့ အချိန်တန်ပြီပေါ့။
ငှက်ကလေးတွေ အလုပ်စကြပြီ။
သစ်ရွက်လေးတွေ လန်းကော့လာပြီ။
ကိုယ်တို့နှစ်ယောက်ရဲ့ မနက်ခင်းတွေဟာလည်း အသက်ဝင်လာပြီ။
မင်းကို လှုပ်နှိုးဖို့ ကိုယ်ဟာ မလောပဲ လေသံလေးနဲ့ နာမ်စားငယ်ကို တီးတိုးနှုတ်ခွန်းဆက်မယ်။
ကိုယ်တို့နှစ်ယောက်ရဲ့ မနက်ခင်းတိုင်းကို တစ်သက်တာအတွက် အလှဆုံးပုံဖော်မယ်။
မနက်ဖြန်တိုင်းမှာ ထွေးပွေ့မယ်။ကြင်နာစွာနဲ့ ကမ်းလင့်လာတဲ့ မင်းလက်ကလေးကို ထာဝရ ယုံကြည်စွာ ယှက်သိုင်းထားပါ့မယ်။
“ Good Morning!
တစ်နေ့တာအတွက် အစပြုတဲ့ချစ်ခြင်းတွေမှ
မင်းကို အသစ်တဖန် ပြန်လည်ကြိုဆိုပါတယ် အချစ် ”
YOU ARE READING
Good Morning☀🍃 (Oneshot)