စကားပန်းတွေ ပွင့်ပြန်ပါပြီ။
နှလုံးသားလေးလည်း
အဆုပ်လိုက်အခိုင်လိုက် ပွင့်ခဲ့တယ်
အကို့ကိုတော့ဖြင့် ဆွတ်ခူးစေချင်
မမြင်ဟန်ရှိ မသိဟန်ရှိ
ဖွေးဖွေးဆွတ်တဲ့ပန်းကလေးကို နင်းချေခဲ့တယ်။ရာသီချိန်မှန် စကားပန်းဟာ ပွင့်ရှာပါတယ်။
ရင်ခုန်သံတွေကလည်း
အကိုရှိချိန်များဆို ပွင့်ဖူးလာခဲ့တယ်။
ပွင့်စဖူးစ ချစ်တတ်စ နှလုံးသားကလေး
ဘယ်ကစဆို အကိုက စခဲ့။
အချစ်ဦးမို့ အရူးပိုရပါတယ်။
ဆေးဖက်၀င်ပင် စကားပန်းကလေးလို
အသုံး၀င်ချင်မိတဲ့
ကောင်မလေးတစ်ယောက်ပေါ့။တစ်ဦးဆိုင်နာမ်ကလေး အကို့အတွက် အေးချမ်းတဲ့ရပ်၀န်းကလေးအဖြစ် နားခိုရာအရိပ်ကလေးအဖြစ် တည်ရှိချင်တာက ဆုတောင်းကလေးဖြစ်ခဲ့။
အသိအမှတ်ပြုတော့ ခံချင်ခဲ့ပါတယ်။ပင်မြင့်ပန်း စကားဟာ အချိန်ကလေးတန်ရင်ဖြင့် ညိုးနွမ်းပြီး မြေပြင်ကို သက်ဆင်းခဲ့ရ။
ကိုယ်လည်း ဘာထူးသလဲ။
မျက်လုံးကလေးနဲ့ဆုံမိတဲ့အခိုက်အတန့်ကစ နှလုံးသားကလေး ဒူးထောက်ခဲ့၊
အလံဖြူကလေးကို မြင့်မြင့်မြှောက်ထားခဲ့။ညှာတာပါ။စာနာပါ။ကြင်နာပါ။
ပြီးရင်တော့ဖြင့် ပြန်ချစ်ပါ။
နေခမှ ပွင့်တဲ့စကားပန်း၊
အကို့ကို မျက်နှာမူတဲ့ကိုယ်။အကြည့်တစ်ချက်နဲ့ အချစ်ဖြစ်ခဲ့၊
စကားတစ်ခွန်းနဲ့ အမိန့်တည်ခဲ့။ချစ်ရပါတယ်၊မြတ်နိုးရပါတယ်။
ပြန်ချစ်လှည့်ပါ။
မစကားရဲ့ ကြင်နာသူရယ်၊
ပြန်ကြင်နာကာ ထွေးပွေ့လှည့်ပါ။စကားပင်ကြီးအောက်မယ်
အကြင်နာစကားတွေ တီးတိုးကလေးဆို
လေတိုးမရအောင် ပွေ့ဖက်ကြမယ်။
အဆင့်ကလေးတိုးပြီး
အနမ်းကလေးဆွတ်ယူပါအုံးမယ်။
မစကားရဲ့ ကြင်နာသူလေးသာ ဖြစ်လှည့်ပါ။
၃၁.၃.၂၀၂၂
YOU ARE READING
နေ၀င်ချိန်အသိ
Poetryဘာရယ်လို့ တိတိပပ နာမည်မတပ်ချင်ပါ။ခံစားတတ်သလို ခံစားဖို့ကို ရည်ရွယ်သည်။ကျွန်တော်လည်း အဖြေမထုတ်နိုင်သေးသော၊ရှာဖွေနေဆဲဖြစ်သော ပုစ္ဆာများဖြစ်သည်။နေ၀င်ချိန်တစ်ခုတွင်တော့ ရှာတွေ့ချင်သည်။