🔴EP 26⚪

126 16 24
                                    

" အမလေး.. ခြေထောက်တွေ ကြွက်တက်လိုက်တာဟယ်.. ဂျီနို ငါ့ကို နှိပ်ပေးစမ်းပါဦး "

အမေက ခုတင်ပေါ်မှာ ခြေဆင်းထိုင်ရင်း ငြီးငြူပြောလိုက်တော့ ဂျီနိုလည်း ခုတင်ပေါ်အမြန်တက်ထိုင်ပြီး အမေ့ခြေထောက်တစ်ဘက်ကို ဆွဲယူကာ ပေါင်ရင်းကနေ ခြေမျက်စိထိ သေချာနှိပ်နယ်ပေးလိုက်သည်။

အမေကလည်း အနှိပ်ခံနေရင်း မသက်မသာဟန်နှင့် ပါးစပ်က တကျွတ်ကျွတ်စုပ်သပ်ကာ
" ဒီလိုသာ ကြာကြာဆက်နေရင် သေလိမ့်မယ်ထင်တယ် "
လို့ ပြောလာတော့ ဂျီနိုက တစ်ချက်ပြုံးလိုက်ရင်း

" အခုမှလာပြော.. အစကတော့ အမေပဲ နန်းတော်ထဲမှာနေရတာ အဆင့်အတန်းမြင့်လို့ ကောင်းတယ်ဆို "

" အဲ့ဒါ မင်းကောင်းတာလေ၊ ငါကောင်းတာမှမဟုတ်တာ..
ငါ့မှာ အလကားနေရင်း ဟိုလူ့တွေ့လည်း ဒူးတုပ်ဦးညွတ်ရ၊
ဒီလူ့တွေ့လည်း ခေါင်းငုံ့ ဦးညွတ်ရ..
အဆိုးဆုံးက မင်းကို အချိန်ပြည့် ဦးညွတ်ခယနေရတာပဲ..
အိမ်မှာဆို အရှင်သခင်လို နေရတဲ့ငါက.. အခု မင့်ကျေးဇူးနဲ့ လူတကာက ငယ်ကျွန်လို့ခေါ်တာခံနေရပြီ "

အမေ့စကားကြောင့် ဂျီနို စိတ်မကောင်းဖြစ်သွားပြီး ခေါင်းငုံ့နှုတ်ဆိတ်နေမိသည်။
ကိုယ့်အမေက ကိုယ့်နားမှာ အချိန်ပြည့်ရှိနေလို့ ပျော်ပေမယ့်
အခိုင်းအစေတစ်ယောက်လို ဆက်ဆံခံနေရတာကိုတော့ ဂျီနိုလည်း မနှစ်မြို့ပါဘူး။
ဒါပေမဲ့ ဒီလိုမှမလုပ်ရင် တခြားနည်းလမ်းလည်းမရှိ။

" ရပြီ၊ ဒီဘက်ခြေထောက်နှိပ်.. "

" ကျွန်တော်က အမေ့လို အပ်စိုက်တာမကျွမ်းပေမယ့်.. နှိပ်တဲ့နေရာမှာတော့ တော်တယ်မှတ်လား "

ဂျီနို စကားလမ်းကြောင်းလွှဲပြောလိုက်တော့ အမေက မျက်နှာတည်နဲ့ခေါင်းညိမ့်သည်။

" ဒါနဲ့.. အိမ်မှာ အဖေတစ်ယောက်တည်း အဆင်ပြေမယ်လို့ထင်လား "

" ပြေမှာပါ.. ထမင်းစားတာက ထမင်းဆိုင်ကနေ ဝယ်စားလို့ရတာပဲ.. ဒါပေမဲ့ အိမ်မှာ သူတစ်ယောက်တည်းနေရတာမို့ ပျင်းနေမှာတော့ ကျိန်းသေတယ် "

" အမေ အိမ်ခဏပြန်ချင်လား၊ ကျွန်တော် မင်းကြီးကို ပြောပေးမယ်လေ "

🔴 နေ ချစ်သော လ ⚪Where stories live. Discover now