မျက်ဝန်းတစ်စုံနဲ့တခဏတာအကြည့်ချင်းဆုံခဲ့ခြင်းဟာ ပြန်လမ်းမရှိတဲ့ချောက်နက်နက်ထဲကျဖို့လမ်းစဆိုရင်
ငါ့မျက်ဝန်းတွေမမြင်ရစေဖို့ဆုတောင်းခဲ့မိမှာခုတော့ ငါ .. ငါက ဘာမှမမြင်ရတော့ဘူးတဲ့လေ
နာကျင်ခြင်းတဲ့ ဘယ်စာရွက်ပေါ်မှာချရေးပြီး
ဘယ်လိုပေတံမျိုးနဲ့တိုင်းတာရမလဲငါ့မျက်ဝန်းတွေ ..
ငါ့မျက်ဝန်းတွေ ဘယ်ရောက်ကုန်ပြီလဲ