အပိုင်း (၆)
"ဘာလဲ"
မစ္စတာလီက လုကျဲ့ထျန်းကို မယုံကြည်နိုင်စွာ ကြည့်ပြီးပြောသည်။
"မင်းမိန်းမက သူလျှိုုုလို့ သံသယရှိလို့လား"လုကျဲ့ထျန်းက အမြန်ရှင်းပြ၏။
"ဒီအချက်အလက်ထဲက ပုဂ္ဂိုလ်ဟုတ်မယ်မထင်ဘူးလို့ ငါပြောတာပါ။ အဲဒီတုန်းက တွေ့ခဲ့တဲ့လူနဲ့ အခုဟာနဲ့အတူတူဘဲဆိုတာသိရဖို့ ကျေးဇူးပြု၍ ပြန်စစ်ဆေးပါ”မစ္စတာလီက လက်ဖက်ရည်ခွက်ကိုကောက်ယူကာ မေးသည်။
“ဘာမှားလို့လဲ ပုံကမတူဘူးလား”"ပုံပန်းသဏ္ဍာန်က တူပေမဲ့ ပင်ကိုယ်စရိုက်က လုံးဝခြားနားနေသလိုဘဲ"
အချက်အလက်ထဲမှာဖော်ပြထားသည့် ချင်ရှီးက သတ္တိနည်းပြီး ရိုးသားကာ အနည်းငယ် ရှက်တတ်သည်။ သူအရင်က မြင်ဖူးခဲ့သည့် ချင်ရှီးကတော့... လုကျဲ့ထျန်းက သူမရဲ့ တောက်ပသည့် အပြုံးနှင့် ရဲရင့်သည့် သဘောတူညီချက်ကို ပြန်မတွေးဘဲမနေနိုင်အောင်ဖြစ်မိသည်။ သူတို့နှစ်ဦးက မတူညီသော မိန်းကလေးနှစ်ယောက်ဖြစ်ရမည်ဟု သံသယရှိနေမိသည်။
ဆရာလီသည် လက်ဖက်ရည်ခွက်ကိုချကာ စာရွက်စာတမ်းများကို ကောက်ယူပြီး ပြန်ဖတ်သည်။ လုကျဲ့ထျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူ့စိတ်ကူးသည် မတွေးဝံ့စရာဟု ခံစားရသော်လည်း သူသတိရှိနေသောကြောင့်ဖြစ်မည်ဟုသာ သဘောထားဖြစ်သည်။
"ကောင်းပြီ သေသေချာချာ စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ မင်းအရင်ပြန်သွားနှင့်"
"ဟုတ်ကဲ့ ဆရာ"
လုကျဲ့ထျန်းက သူ့ကို အလေးပြုပြီး ရုံးခန်းထဲက ထွက်သွားသည်။မစ္စတာလီသည် လက်ထပ်စာချုပ်အစီရင်ခံစာနှင့် အခြားသောအချက်အလက်များကို ကြည့်လိုက်ရာ ချင်ရှီး၏ ပညာရေးအဆင့်အတန်းများ ကောင်းမွန်နေသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းယမ်းကာညည်းသွားလိုက်သည်။
"ဒီမိန်းကလေး ကောလိပ်မတက်တာ နှမြောစရာဘဲ"
ထို့နောက် အတည်ပြုလက်မှတ်မထိုးရသေးသည့် လက်ထပ်စာချုပ်အစီရင်ခံစာကို ဘေးသို့တွန်းဖယ်လိုက်သည်။