Chapter-23

158 22 1
                                    

ကျွန်‌တော်လာပါမယ်

          ကယ်ဗင်က Systemရဲ့main menuပေါ်က အချိန်ကို ကြည့်လိုက်တော့ မနက် 1နာရီနဲ့ 43မိနစ်ရှိနေပါပြီ။

          နှစ်ယောက်လုံးရေချိုးပြီး အိပ်ရာအတူတူဝင်ခဲ့ကြပါတယ်။ အက်ဆဲလ်က ကယ်ဗင့်ကို အနောက်က သိုင်းဖက်လိုက်ပြီး ပြောလိုက်ပါတယ်။ "ကောင်းကောင်းအိပ်နော်။ ကိုယ်မင်းကို စောင့်ရှောက်ပေးဖို့ ဒီမှာရှိတယ်"

          ကယ်ဗင်က လက်အချင်းချင်းယှက်လိုက်ပြီး နေ့တစ်နေ့ရဲ့ ဒုတိယအကြိမ်အနေနဲ့ အက်ဆဲလ် ကတိတည်မယ်ဆိုတာကို ယုံကြည်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတယ်။

          ကယ်ဗင်က အရင်လိုပဲ မနက် 5နာရီမှာနိုးလာပြီး အခုမှနိုးလာတဲ့ အက်ဆဲလ်က သူ့ရင်ခွင်ထဲမှာ ကယ်ဗင့်ကို ဖက်ထားဆဲပါ။ ဒါက သူ့အတွက် တစ်ယောက်ယောက်နဲ့ နိုးထလာတဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး သာယာတယ်လို့ ခံစားမိပါတယ်။

          ကယ်ဗင်က သူ့ရဲ့မှတ်ဉာဏ်ထဲမှာ ဒီအခိုက်အတန့်လေးကို အမှတ်ရစေချင်တာကြောင့် အက်ဆဲလ်ရဲ့အိပ်နေတဲ့မျက်နှာကို နည်းနည်းကြာကြာ ကြည့်ခဲ့ပါတယ်။ အဲ့‌ဒီနောက်ထလိုက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

          သူမတ်တပ်ရပ်လိုက်ရင်း ကုတင်ပေါ်က စာရွက်လေးကို တွေလိုက်တဲ့အခါ သိချင်စိတ်နဲ့ယူကြည့်လိုက်ပါတယ်။ သူဖတ်လိုက်တဲ့အခါ မပြုံးပဲမနေနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ အက်ဆဲလ်က တကယ့်ကို ဂရုစိုက်တတ်တဲ့သူပါပဲ။

          သူဘယ်သွားမယ်ဆိုတာပြောထားတဲ့အပြင် ကယ်ဗင်နိုးလာလို့ ဗိုက်ဆာရင် စားဖို့အတွက် အစားအသောက်ပါ မှာပေးထားခဲ့ပါတယ်။

          ကယ်ဗင်က စားပွဲဆီ လှည့်ကြည့်လိုက်တဲ့အခါ ဆန်းဒွစ်ခ်ျတွေကို တွေ့ခဲ့ပါတယ်။ သူ့ရဲ့ဗိုက်ကလည်း ချက်ချင်းဆိုသလိုမြည်လာတာကြောင့် လေ့ကျင့်ခန်းမစခင် စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

          နောက်ဆုံးတော့ အက်ဆဲလ်က နံနက် 7နာရီမှာနိုးလာခဲ့ပြီး ကယ်ဗင်သူ့နားမှာမရှိမှန်း ခံစားမိတဲ့အခါ ထိတ်လန့်သွားပြီး ထလိုက်ကာ ချက်ချင်း ရှာပါတော့တယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now