တောင်ပေါ်မြေ၏ မနက်ခင်း ရာသီဉတုဟာ ထုံးစံမပျက်အေးအေးခဲခဲပါပဲ။
ဂျီမင်တစ်ယောက် မေမေ့အားမနက်စာပြင်ကူနေစဉ် လှေကားမှ ခြေသံကြောင့် လှည့်ကြည့်တော့ ပုဆိုးအား ဖြစ်သလို ဝတ်ထားကာ အိပ်ချင်မူးတူးရုပ်နှင့်ဂျွန်အားတွေ့လိုက်ရသည်။
ဂျွန်ကဂျီမင်လှည့်ကြည့်သည်နှင့် လက်လေးထောင်ပြကာ
မောနင်းအစ်ကိုဟုပြောလာသည်ကြောင့် ဝတ်ကျေတန်းကျေပြန်မောနင်းလိုက်ကာ ပြုံးပြလိုက်သည်။ခနနေတော့ အိပ်ချင်မူးတူးနှင့်ကောင်လေးဟာ မျက်နှာသစ်ပြီးလို့ မျက်နှာချောချောလေးဖြင့် အနားသို့ရောက်လာသည်။
ရောက်စတုံးက မျက်နှာနူးနူးညံ့ညံံ့လေးဟာ နေလောင်ဒဏ်ကြောင့် မနူးညံ့တော့။ သို့သော် နေလောင်ဒဏ်သည် ချောမောမူအား နည်းနည်းတောင်မထိခိုက်စေပါ။ ဒီကောင်လေးက တကယ့်ရှားပါးအမျိုးနွယ်လေး။
ဂျီမင်သည် အတွေးမျိုးစုံဖြင့် ဝိညာဉ်ရွာပတ်နေတုန်း အစ်ကိုဟူသော အသံချိုချိုလေးကြောင့် အသိပြန်ဝင်လာရသည်။
"အစ်ကိုဘာတွေတွေးနေတာလဲ"
"ဟင်ဘာမှမတွေးပါဘူး "
ဂျီမင်သည် ငရုတ်သီးဗန်းအားကိုင်ထားကာ ပြန်ဖြေသည်။
"ကျွန်တော်ဘာကူပေးရမလဲ"
ပုဆိုးအနီအား ခပ်တိုတိုဝတ်ထားကာ စွပ်ကျယ်အဖြူအား ဝတ်ထားသည့်ဂျွန်ဟာ တကယ့်တောသားအသွင်လေး။
"ပဲပုတ်ထောင်းပေးမလား"
"ရတယ်လေ အစ်ကို အားကိုးလိုက်ပါ"
အားကိုးလိုက်ပါဟုသာ ဂုဏ်ဆာပြီးပြောလိုက်တာ ပဲပုတ်ကိုဘာတွေထည့်ထောင်းရမှန်းမသိ။အိမ်မှာဆို မီးဖိုခန်းထဲတစ်ခါဝင် ပြင်ဆရာတစ်ခါခေါ်ရသောကြောင့် မေမေက မီးဖိုခန်းထဲပေးမဝင်တော့ပေ။
နိုင်ငံခြားမှာကလည်း အော်ဒါပဲမှာစားတာမို့ မီးဖိုခန်းဆိုတာ အပိုခန်းတစ်ခုသာသာပဲ။"ဒီလိုဆို အစ်ကို တခြားဟာသွားလုပ်လိုက်မယ် ဂျွန်က ပဲပုတ်ထောင်းထားပေး"
အစ်ကိုက ပဲပုတ်ချပ်ဝိုင်းများထည့်ထားသော ခွက်နှင့် ငရုတ်သီးထည့်ထားသောခွက်အား လက်ထဲထည့်ပေးကာ ပြောသည်။
"ဟုတ်ဟုတ်အစ်ကို"
ဟုတ်ဟုသာပြောလိုက်တာ ဘယ်ကစထောင်းရမှန်းမသိ။
YOU ARE READING
တောင်ပေါ်မြေမှာကျုးလစ်ငယ်တွေပွင့်ခဲ့ရင်
Short Storyတောင်ပေါ်မှာကျုးလစ်ငယ်တွေပွင့်လန်းလာခဲ့ရင် ကျွန်တော်တို့ထပ်ဆုံကြတာပေါ့အစ်ကို...တောင်ပေါ်မြေမှာလေ....