မပေးဖြစ်လိုက်သော ပန်းချီကားလေးကို အကြောင်းမဲ့ ထိုင်ကြည့်နေမိသည် ။ ညအိပ်မီးမှိန်မှိန်လေးသာ ထွန်းထားသော အခန်းလေးထဲဝယ် ခံစားချက်မဲ့သော မျက်နှာထားနဲ့ပေါ့ ။
မျှော်လင့်ချက်မဲ့ခြင်း ဝမ်းနည်းခြင်း စိုးရိမ်ခြင်း နာကျင်ခြင်း စသော အနုတ်ဘက်ခံစားချက်တို့ ပိုများပြားလာသော ဦးနှောက်က ထုံလာပြီး မျက်နှာပေါ်သို့ ထိုခံစားချက်များရောက်အောင် မပို့နိုင်တော့ပါ ။ နှလုံးသားထဲက သေလောက်တဲ့ နာကျင်ကိုက်ခဲမှုမှာတော့ ထုံသွားချင်ရင်တောင် ထုံမသွားနိုင်ပါလေ ။
နှလုံးခုန်နေသမျှ ကာလပတ်လုံး နာကျင်မှုက ရှိနေဦးမှာ ။
. . . . . . . . . . . . . . . . . . . . . . . . . . . .
အဖြူထည်လေး အရောင်တွေ စွန်းထင်းသွားသည်ကို မုန်းမတားနိုင်လိုက်ပါ ။
တစ်စုံတစ်ယောက် .... အမ်း တိတိကျကျဆိုရရင် ဦးမင်းထက်သာ ။
ပန်းကောင်းကိုမှ အညွန့်ချိုးတတ်သည့် အိမ်ထောင်ရှိအမျိုးတစ်ဦးက အဖြူရောင် အဝတ်ပါးလေးကို ဆေးရောင်ခြယ်မှုန်းပစ်လိုက်ပြီ ။" ငါ ဦးမင်းထက်သာနဲ့ တွဲဖြစ်သွားတယ်
ဦးက သူ့မိန်းမနဲ့ အဆင်ပြေတာမဟုတ်ဘူး
အသိုင်းအဝိုင်း ဖိအားကြောင့်သာ ဆက်ပေါင်းနေရတာ
ဦးလည်း သနားပါတယ် .... သူ့မိန်းမ ခြယ်လှယ်သမျှ ခံနေရတာ
ကွာရှင်းဖို့လည်း ကြိုးစားနေပါတယ်တဲ့ "ယုံတမ်းပုံပြင် အချို့နဲ့ စကားတွေကို ဒီလောက်သာ မုန်းကို ပြောပြပြီး နောင်ဟာ ဦးမင်းထက်သာနဲ့ ပေါ်တင်ပင် တွဲသွားတွဲလာလုပ်လာသည် ။ နဂို oppo တံဆိပ် ဖုန်းဟောင်းလေးနေရာမှာ ဦးဝယ်ပေးသည်ဆိုသည့် iphone ကို အစားထိုး သုံးနေပြီ ။ နဂို သောင်းဂဏန်းတန် အသုံးအဆောင်တွေနေရာမှာ သိန်းကျော်တန်တို့ဖြင့် လွှမ်းမိုးနေပြီ ။
ဦးမင်းထက်သာရဲ့ အချော့အမြှူနဲ့ စည်းစိမ်တွေအောက် ရစ်မူးကာ အ့ငယ်အနှောင်းနေရာမှာ ပျော်မွေ့နေသည့် နောင့်ကို နာနာကျင်ကျင်ရပ်ကြည့်နေရုံကလွဲ၍ မုန်းမတတ်နိုင်ပါ ။
YOU ARE READING
Gay တစ်ယောက်ကို ချစ်မိသောအခါ ....
Romanceမုန်းဟုခေါ်သော မိန်းကလေးငယ် သူချစ်မိသူဟာ gay တစ်ယောက်။ မချစ်သင့်မှန်းသိရက်နဲ့ နှလုံးသားရဲ့ မိုက်မဲမှုကို သူ မတားဆီးနိုင်ခဲ့ပါ ။ ဒါဆို အမေဇုန်ထဲ ခုန်ဝင်ရုံပေါ့