I married my sister's husband 💚 Part 18

22.4K 846 60
                                    

I married my sister's husband 💚 Part 18

အတ္တ လက်ထဲမှ pizzaဘူးအား ကိုင်ကာ ကျောင်းရှေ့တွင်စောင့်နေမိသည်

သိပ်မကြာပါ ကျောင်းနားချိန်တွင် ကျောင်းထဲမှ ထွက်လာတဲ့ ရတုလေးအားတွေ့လိုက်ရသည်

"ဟေး...ရတုလေး"

ရတု လူကြီးတစ်ယောက်ခေါ်တာကြောင့်ကြည့်လိုက်ရာ ဒယ်ဒီ့အသိဦးလေးဖြစ်နေသည်

"ဟို ဦးဦး"

"အင်း ဦးကို မှတ်မိလား"

ရတု ခေါင်းလေးငြိမ့်ပြလိုက်သည်

"သမီးကိုလာတွေ့တာလား ဘာလို့လာတာလဲဟင်"

အတ္တရတုရဲ့စကားမှာ မေးကိုပွတ်၍ စဉ်းစားဟန်ပြုလိုက်သည်

"သေချာတာကတော့......ရတုလေးက ချစ်ဖို့ကောင်းလို့ဖြစ်မယ်"

အတ္တ ရတုလေးရဲ့ ပေါင်းဖောင်းဖောင်းလေးအားဆွဲညှစ်လိုက်သည်

ရတုကတော့ သူမပါးလေးအား ဆွဲညှစ်သွားတဲ့ဦးဦးအား ဆူပုတ်ပုတ်လေးကြည့်ကာ ပါးလေးဖောင်းသွားသည်

"အဲ့တာဆို ဦးဦးအတ္တက ဒယ်ဒီရဲ့ ငယ်သူငယ်ချင်းပေါ့နော်"

ယခုသူတို့က mini marketရှေ့က စားပွဲမှာထိုင်နေခြင်းဖြစ်သည်

"ဒါပေါ့ ရတုလေးရဲ့ ဦးတို့က သိပ်ခင်ခဲ့ကြတာ........မိန်းကလေးတစ်ယောက် ဦးတို့ဘဝထဲမဝင်ခင်ထိပေါ့..."

"မိန်းကလေးတစ်ယောက်........"
ရတုလေးဟာ ခေါင်းလေးမော့ကာမေးသည်

အတ္တ ပြာလွင်လွင်ကောင်းကင်ကြီးအားမော့ကာကြည့်လိုက်သည်

"ပုံပြင်လေး တစ်ပုဒ်ပြောပြရမလား"

"ပုံပြင်?"

ရတုလည်း ပုံပြင်ဆိုတော့ စိတ်ဝင်စားသွားပီးခေါင်းလေးငြိမ့်ပြလိုက်သည်

အတ္တလည်း ကလေးမလေးရဲ့ခေါင်းကိုချစ်စဖွယ်ပွတ်သပ်လိုက်သည်

"ဟိုးရှေးရှေးတုန်းကပေါ့ နန်းတော်ကြီးတစ်ခုမှာ မင်းသားလေးနှစ်ပါးနေထိုင်တယ် တစ်ရက်ကျတော့ သူတို့နန်းတော်ကို ယုန်ပေါက်လေးတစ်ကောင်က ရောက်လာတယ်"

"ယုန်လေးက ပန်းရောင်လားဟင်"

အတ္တ ရတုလေးစကားကြောင့် ပြုံးသွားရသည် ကလေးမလေးမှာ ပန်းရောင်ကြိုက်ပုံရသည် သစ္စာနဲ့တူစွာ......

You'll also like

          

"ဒါပေါ့ ယုန်ပန်းရောင်လေး......အဲ့တာနဲ့ မင်းသားလေးတို့ကလည်း ချစ်စဖွယ်ယုန်ငယ်လေးကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ကြတယ်"

"ဒါပေမဲ့ တစ်ရက်မှာပေါ့ မင်းသားလေးတို့ဟာ ယုန်ငယ်လေးက ယုန်မဟုတ်ဘဲ မင်းသမီးလေးဖြစ်နေတာကို တွေ့လိုက်ရတယ်"

ရတုလေးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားရပီး သူမရဲ့ခြေထောက်လေးများ လှုပ်ရမ်းမိတော့သည်

"အဲ့တာနဲ့ အဲ့တာနဲ့....."

အတ္တတစ်ချက်ပြုံးလိုက်ပီး pizzaအား ရတုလေးရှေ့ချပေးလိုက်သည်

"ဆက်နားထောင်ချင်ရင် ဦးဦး မုန့်ကို လက်ခံပေး"

အတ္တဒီကလေးမလေးစိတ်ကိုသိစွာ အပေးအယူလုပ်လိုက်သည်
ဘာလို့မှန်းမသိ သူ့မယ် ဒီကလေးငယ်အား တွေ့ခဲ့တဲ့နေ့ကစလို့ ပြန်တွေ့ချင်နေမိသည်

ရတုလည်း စဉ်းစားလိုက်ပီးမှ ခေါင်းငြိမ့်ကာ ဦးဦး အတ္တပေးတဲ့ pizzaအား တစ်ချက်ကိုက်လိုက်သည်

"ဆက်ပြော ဆက်ပြော...."

"အဲ့လိုနဲ့ပေါ့ မင်းသားလေးတို့က မင်းသမီးလေးနဲ့ ပိုပီး နီးကပ်လာခဲ့ပီး မင်းသားလေးတို့နှစ်ယောက်လုံးဟာ မင်းသမီးလေးကို ချစ်ကျွမ်းဝင်သွားတော့တယ်"

"ဒါဆို မင်းသမီးလေးက ဘယ်သူ့ကို ရွေးခဲ့လဲဟင်"

အတ္တလက်ကို ပိုက်ကာ ခြေကိုဆန့်ခဲ့သည်

"မင်းသမီးလေးက မင်းသားလေးကို ရွေးခဲ့ပါတယ်....
ဒုတိယမင်းသားလေးဟာ မင်းသမီးလေး သူ့ကို လက်ခံလိုက်လို့ ပျော်ရွှင်သွားခဲ့တယ်.....
သူနဲ့ မင်းသမီးလေးတို့ရဲ့ နေ့ရက်တွေဟာ တစ်သက်လုံးပျော်ရွှင်သွားရမယ်လို့ထင်ခဲ့ပီးတော့ပေါ့"

"ဒါ ဒါဆို ပထမမင်းသားလေးကို မရွေးဘူးပေါ့"

အတ္တခပ်မဲ့မဲ့ပြုံးမိရကာ ခေါင်းရမ်းမိသည်

"မင်းသမီးလေးက ပထမမင်းသားလေးကိုလည်း ရွေးခဲ့ပါတယ်........ဒါကိုတော့ မင်းသားလေးတို့နှစ်ယောက်လုံးမသိကြဘူးပေါ့ မင်းသမီးလေးဟာ သူတို့ထဲက တစ်ယောက်ကိုဘဲ ရွေးတယ်လို့ထင်ခဲ့ကြတယ်"

I married my sister's husband 💚(complete)Where stories live. Discover now