4
"လာ...လိုက်ခဲ့...."
ဂျီမင်တယောက် အိပ်ရာထပ် ခွေခွေလေး
အိပ်နေစဉ် ဂျောင်ကုအခန်းထဲသို့
ဝင်လာပြီ အိပ်ရာပေါ်မှ အိပ်နေသည့်
ဂျီမင်လက်တဖက်ကို အတင်းဆွဲခေါ်နေလေ၏။ဂျီမင်လဲ ညကတစ်ညလုံး မအိပ်ရပါ လူက
အစားမစားတာရယ် စိတ်ပင်ပန်းတာတေနဲ့
ပေါင်းပြီ ခပ်ယိုင်ယိုင် ဖြစ်နေလေသည်။
ဂျောင်ကုရဲ့ အကြမ်းပတမ်းဆွဲခေါ်ရာနောက်သိူ့ ပါလာလေသည်။"ကျတော်လက်ကို လွှတ်....ကျတော်
ခင်မျာကြီးကို ပြောစရာ ရှိတယ်...."ဂျီမင် ဂျောင်ကုလက်ထဲမှ အတင်းရုန်းနေလေသည်။ အားမရှိသည့်ဂျီမင် သိပ်မရုန်းနိုင်ပါ။
"အေး..ငါလဲ မင်းကို ပြောစရာရှိတယ်.."
"ကျတော်အရင်ပြောမယ်.."
ဂျောင်ကု စကားတေနားမထောင်နိုင်ပါ
သူမှာ နားထောင်ဖို့ အင်းအာမရှိပါ။
ညတစ်ညလုံး မအိပ်ပဲစဉ်းစာထားတာ
အခုပြောရမည်။"ကျတော် ခင်မျာနဲ့ ပြောထားတာတေ
ဆက်မလုပ်နိုင်တော့ဘူး အဲ့မို့ ကျတော်ကို
သွားခွင့်ပြုပါ.."ဂျီမင် စကားကြားတော့ ဆွဲထားတဲ့
ဂျောင်ကုလက်တေက တင်းကနဲ့ ဖြစ်သွားသည်။"ဘာလဲ ဒီတခါ ဘယ်လိုသတ်သေအုံးမလို့လဲ.."
"ဟင့်အင်...ကျတော်ဆုံးဖြတ်လိုက်ပြီ
ကျတော်ရင်သွေးလေးနဲ့ မခွဲနိုင်ဘူး
ဘာတေဘယ်လိုပဲဖြစ်လာပါစေ
ကျတော်ရဲရဲကြီး ရင်ဆိုင်သွားမယ်...
ကျတော်ကလေးလေးနဲ့ မခွဲနိုင်ဘူး.."ဂျီမင် စကားကြားတော့ ဂျောင်ကု သူ့ကို့ကိုယ်
သိမ်ငယ်သလို ခံစားရသည်။ သူထပ်ငယ်တဲ့
ကလေးသာသာလေးက ဖခင်စိတ်ရှိပေမဲ့
သူမှာသာ မွှန်ထူနေ၍ ကိုယ့်ရဲ့ရင်သွေးကိုတောင် စွန့်ပစ်ဖို့ လုပ်နေသည်။
နောက်ပြဿနာ နောင်ခါရှင်း အခုက
ဂျီမင်ကို အိမ်ခေါ်သွားဖို့သာ အရေးကြီးသည်။ ဂျီမင်ပါမလာရရင် အကိုနဲ့သူနဲ့
ဝေးသွားနိုင်သည်။အကိုကိုယ့်ရဖို့ သူနဲ့
သူအဖေ ဘယ်လိုတေလုပ်ခဲ့လဲဆိုတာ
သူတို့သားဖသာ သိလိမ့်မည်..."
YOU ARE READING
ဝဋ်ကြွေး
Fanfictionကျတော် ခင်များကိုချစ်လွန်းလို့ ခင်များအတွက်လှပတဲ့ ဝဋ်ကြွေးတခုကျေကျေနပ်နပ်ပေးဆပ်ချင်တယ်