အပိုင်း(၂၄)
ကျိုက်ထီးရိုးသေနတ်လေး!ကြမ်းပြင်ပေါ်မှာ ပြဲကွဲနေတဲ့ သိန်းဒင်ကိုကျောခိုင်းထွက်လာခဲ့ပြီး အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာထိုင်ချရင်း သူတွေးလိုက်မိတာက 'ပြဿနာတော့ရှာမိပြီ' ဆိုတာတစ်ခုထဲပဲ။
အရင်ကတည်းကပိုင်စိုးနဲ့ပြဿနာဆိုတာအမြဲတွဲနေခဲ့တာ။သူကြီးပြင်းလာခဲ့တဲ့တစ်လျှောက်လုံး သူရှာခဲ့တဲ့ပြဿနာအရေအတွက်က သူ့အသက်လောက်ကိုရှိတယ်။ပိုများချင်တောင်များမယ်...လျော့တော့မလျော့ဘူး။
ဒါပေမဲ့လဲ သူရှာခဲ့တဲ့ပြဿနာတွေက သူ့ကိုအရင်းပြုပြီးဖြစ်လာတာကရှားတယ်။သူငယ်ချင်းအတွက်၊သူငယ်ချင်းရဲ့သူငယ်ချင်းအတွက်၊သူငယ်ချင်းရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်းအတွက် ...ဆိုင်ဆိုင်မဆိုင်ဆိုင် စိတ်ထဲသဘောမတွေ့ရင် ဝင်ပါတတ်တာကသူ့ပုံစံပဲ။'လက်သာရာလိုက်တယ်'ဆိုတဲ့စကားကလုံးဝအမှန်တရားပဲ။အဲ့စကားက ကလေးတွေတင်နဲ့မကပဲ အရွယ်သုံးပါးစလုံးနဲ့ဆိုင်တယ်လို့တောင် ပြောလို့ရတယ်။
ပိုင်စိုးရဲ့ဘာမဆိုဝင်ဝင်ပါတတ်တဲ့ အဲ့အကျင့်ကြောင့် သူ့နားမှာလူကတော့အမြဲများနေတတ်တယ်။စကားလှလှလေးနဲ့ လိမ်စားနေတဲ့လူတွေလဲအများကြီးပဲ။နှပ်ချလို့ကောင်းလို့ နှပ်ချနေတဲ့ကောင်တွေကလဲတစ်ပုံတစ်ပင်နဲ့။
စိတ်ရင်းကလား...ရှားပါးပစ္စည်းပဲ။ဒါပေမဲ့ ပိုင်စိုးဆိုတာကလဲ သူ့နားမှာလူများနေရင်ပြီးရောဆိုတဲ့အမျိုး။ အပေါင်းအသင်းဆိုတာကို အင်မတန်ခင်တွယ်တဲ့လူဆိုတော့ သူ့အပေါင်းအသင်းတွေသယ်လာတဲ့ ပြဿနာဆိုတာကလဲ သူ့ခေါင်းပေါ်မှာချည်းပဲ။
အဲ့လိုနဲ့ပဲ ပိုင်စိုးမှာပြဿနာတစ်ခုပေါ်လာတယ်။ပတ်ဝန်းကျင်က သူ့ကိုပြဿနာမရှာရမနေနိုင်တဲ့ကောင်လို့ထင်လာတယ်။အဲ့လိုထင်လို့မှအားမရသေးဘူး...သူများတွေကိုလဲ သူ့လို ပြဿနာရှာတတ်အောင် ပြဿနာကောင်ဖြစ်လာအောင်တွန်းအားပေးတဲ့လူ၊မြှောက်ပင့်သွေးဆောင်တတ်တဲ့လူ၊သူတစ်ပါးကိုပျက်စီးအောင် ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ 'ခြ' လိုကောင်အနေနဲ့မြင်လာကြတယ်။
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။