📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
မရင်းနှီးသေးတဲ့ ဒီတက္ကသိုလ်ဝန်းထဲမှာ လည်နေတဲ့ ဂျေးက လမ်းတွေ မသိတာတော့မဟုတ်ရပါဘူး။
ကျောင်းကိုခြေချလိုက်တာနဲ့ တက်ရမယ့်အတန်းကို မမှတ်မိစရာ အကြောင်းမရှိပါ။
မမှတ်မိရအောင် ဂျေးက ဉာဏ်မကောင်းတဲ့သူလဲမဟုတ်။
နတ်သားလေး အစ်ကိုဂျုံဝူးနားကို စချဉ်းကပ်ဖို့ နည်းလမ်းက တစ်နည်းဘဲရှိတယ်။
ဂျေးက ဘယ်ကမှန်းမသိတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့စကားရပ်ပြောနေတဲ့ ဂျုံဝူးအနောက်ကို သွားရပ်ကာ ဂျုံဝူးရဲ့ အင်္ကျီစကို လှမ်းဆွဲလိုက်တယ်။
"ဟိုင်း~..ဟိုလေ ကျွန်တော် တက်ရမယ့်အခန်းက ပျောက်နေလို့!"
ဂျုံဝူးက သူငယ်ချင်းဖြစ်သူနဲ့ စကားပြောနေရင်း တစ်ယောက်ယောက်က ခေါ်လိုက်တာကြောင့် နောက်လှည့်ကြည့်လိုက်တော့ အနောက်တိုင်းမျက်နှာပေါက်နဲ့ ကောင်လေးတစ်ယောက်က အကူညီလာတောင်းနေတာ။
နိုင်ငံခြားကပြောင်းလာတဲ့ကျောင်းသားဆိုတော့ အဖော်မရှိတော့ ကူညီပေးမယ့်သူမရှိဘူးထင်ပါရဲ့။
လွယ်အိတ်ကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တက်ရမယ့်အခန်းကိုရှာမတွေ့သေးတဲ့ ကောင်လေးကို
ဂျုံဝူး သနားသွားရတယ်။မသနားလို့လဲမရဘူး၊ ကောင်လေးက အခုနေ ဂျုံဝူးက အခန်းကူမရှာပေးရင် ငိုချတော့မယ့်သဘောရှိတယ်။
"ညီလေး တက်ရမယ့် အခန်း ကိုပြော ၊လိုက်ပို့ပေးမယ်"
ညီလေးလို့ အခေါ်ခံလိုက်ရလို့ သိပ်မကျေနပ်ပေမဲ့ အတတ်နိုင်ဆုံး ဝမ်းသာသွားတဲ့ မျက်နှာမျိုး ပြုံးပြရင်း
"တကယ်ပြောတာလားဟင်.."
"ကျောင်းသားသစ်တွေကို ကူညီရမှာပေါ့"
"အစ်ကိုဂျုံဝူးက သဘောကောင်းလိုက်တာ"
"ဟင်...အစ်ကို နာမည်ဘယ်လိုသိတာလဲ"