Uni,
Season 2 (Part 21)
တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း ပစ္စည်းတွေကိုကန်ကျောက်ဖျက်စီးနေသည့် အသံကြောင့် ကာရံဟိန်းသည်လည်းနိုးလာတော့သည်။မေ့ဆေးအရှိန်ကြောင့် ခန္ဓာကိုယ်ကလေးလံထုံထိုင်းနေကာ
ဦးနှောက်ကသိပ်အလုပ်မလုပ်နိုင်သေး…ဘေးဘီကိုကြည့်ရင်း…ဆေးရုံ အဖြစ်အပျက်ကိုပြန်သတိရသွားသည်။"ကျစ် ငါအခုဘယ်ရောက်နေတာလည်း Leon….ပြီးတော့သေနတ်နဲ့ချိန်ထားတဲ့သူ"
ကာရံဟိန်းကုတင်ပေါ်က အားယူကာဆင်းလိုက်ပြီးအပြင်ကဆူညံတွေရှိရာသို့လာခဲ့သည်။
သူတွေ့လိုက်ရသည့် မြင်ကွင်းက သွေးတွေဖြင့်ညစ်ပတ်ပေရေနေသည့်လူတစ်ယောက်က Leonမျက်နှာကိုအကြမ်းပတမ်းဆွဲညစ်ထားလေသည်။
ကာရံဟိန်းစိတ်ထဲဒေါသထောင်းခနဲထွက်သွားပြီး ခြေလှမ်းတွေကလည်းအလိုလိုရွေ့ကာ Carloဆီသွား၍ ဆောင့်ကန်လိုက်သည်။သူ့အာရုံနဲ့သူဖြစ်နေသည့်Carloမှာလည်း ထိုကန်ချက်ကိုမကာကွယ်နိုင်ပဲနောက်သို့ပစ်လှဲသွားတော့သည်။
"Leon အဆင်ပြေရဲ့လား …ဘာတွေဖြစ်နေတာလည်း"
Leonလည်းရုတ်တရက်မို့ ဘယ်လိုရှင်းပြရမလဲမသိ….
"Mother Fucker"ဟုဆဲရင်း
Carloကလည်းဒေါသတကြီး ပြန်ထလာကာ ကာရံဟိန်းအားထိုးကြိတ်တော့ နှစ်ယောက်သားလုံးထွေးကုန်သည်…။ အားနည်းနေသေးသည့် ကာရံဟိန်းသာပိုခံရတာမို့ Leonမှာဝင်ဆွဲရသလို Carlo၏တပည့်များမှာလည်း ရောက်ရှိလာတော့သည်…။ကာရံဟိန်းကို သေနတ်တွေဖြင့်ဝိုင်းချိန်လိုက်ကြတာကြောင့် Leonမှာရှေ့ကကာနေရသည်။
"Leon ဖယ်စမ်းဒီကောင်ကိုငါသတ်မှာ…"
"Carlo မင်းရူးနေလား သူ့ကိုသတ်လို့မရသေးဘူး"
ကာရံဟိန်းက အဖြစ်အပျက်တွေကိုနားမလည်စွာဖြင့် Leonအားမေးသည်။
"Leon…ဘာတွေပြောနေကြတာလဲ….ဒီနေရာကရောဘယ်နေရာလဲ နေမခနဲ့David ရော"
ကာရံဟိန်း၏အမေးကို Carloက ကျယ်လောင်စွာေလှာင်ရယ်ရင်း
"ငတုံးကောင်က အခုထိဘာဖြစ်နေမှန်းမသိသေးဘူးပေါ့။ Leon Leonနဲ့မင်းတနေတဲ့ကောင်က မင်းကို လူသတ်တဲ့ကစားနည်းထဲဆွဲသွင်းလာတာလေ။ မင်းကိုအဆိပ်ခတ်ပြီးတော့ မင်းသူငယ်ချင်းကိုအကြပ်ကိုင်ပြီး သူ့အစ်ကိုကိုသတ်ဖို့ကြံနေတာ…"
Carlo၏အပြောတွေကြောင့်ကာရံဟိန်းLeonကိုကြည့်လိုက်တော့ မျက်နှာပျက်နေသည်။
"Carlo မင်းပါးစပ်ကိုပိတ်ထားလို့ရမလား"
Leonက ပြင်သစ်လိုပြောတာကြောင့်Carloကမဲ့လိုက်ကာ အင်္ဂလိပ်လိုသာပြန်ပြောသည်။
" အင်္ဂလိပ်လိုပဲပြောစမ်းပါ…ဒါမှဒီငတုံးကောင်လည်းနားလည်မှာပေါ့ ဘာလဲမင်းကမင်းလုပ်ရပ်တွေဖုံးထားအုံးမလို့လား… ။သူ့ကိုအီတလီထိတောင်ဆွဲခေါ်လာပြီး အသုံးချနေပြီပဲ ဖုံးမနေပါနဲ့တော့ မပေါ်မှာကျနေတာပဲ ဒီကောင်မသေခင်လေးတော့ အမှန်တရားကိုသိသွားသင့်တယ်လေ"ကာရံဟိန်းမှာခေါင်းပင်ကိုက်လာတာကြောင့် သူ့နားထင်သူလက်ဖြင့်ဖိလိုက်ရသည်။
Leon ဖြူစင်တဲ့အပြုံးလေးနဲ့ စကားပြောတာပင်ချိုသာယဥ်ကျေးသည့်ကောင်လေးက
မဖြစ်နိုင် Carloပြောနေသည့်စကားတွေ သူမယုံကြည်နိုင်သေးပေ… ထို့ကြောင့် Leon၏အပြာရောင်မျက်လုံးလေးများကို အားကိုးရာသဖွယ်စိုက်ကြည့်လိုက်သည်။လဲကျတော့မည့်ဟန်ရှိသည့် ကာရံဟိန်းအား Leonက ကူထိန်းပေးရင်း ရှင်းပြရန်အတွက် စကားလုံးလှလှလေးတော့ရှာမတွေ့ခဲ့ပေ…။
….
Leon ကာရံဟိန်းအား အခန်းထဲပြန်ခေါ်သွားတော့သည်။
"ကျေးဇူးပြုပြီး ရှင်းပြပေးပါ…ဒါတွေကအမှန်မဟုတ်ဘူးလို့"
Leon၏အဖြူရောင်လက်ချောင်းသွယ်သွယ်လေးတွေအား ဆုပ်ကိုင်ရင်းမေးလိုက်သည်။",...."
"တကယ်ပဲဘာတွေဖြစ်နေတာလဲ,... စကားတစ်ခွန်းတောင်ပြန်မပြောနိုင်ဘူးလား"
"ငါပြောတော့ရော ဘာထူးမှာလဲ"
" ဘာထူးမှာလည်း ဟုတ်လား ဒီအခြေအနေတွေဖြစ်နေတာတောင် ဘာမှမရှင်းပြနိုင်ဘူးလား။
Leonမွေးနေ့ကိုလာခဲ့တယ် ပြီးတော့ မေ့လဲသွားတယ်။ ပြန်နိုးလာတော့ နေမခနဲ့ David ကမရှိတော့ဘူး။ သေနတ်တွေချိန်ထားတဲ့ လူတွေကြောင့် ထပ်ပြီး မေ့သွားရပြန်တယ်။ အခုတစ်ခါထပ်နိုးလာပြန်တော့ အီတလီတောင်ရောက်နေပြီဒါတောင်ရှင်းပြစရာမလိုသေးဘူးပေါ့…အဆိပ်ခတ်တယ်ဆိုတာကရော ဘာတွေလဲ"
ကာရံဟိန်းဘ၀မှာတစ်ခါမှယခုကဲ့သို့ကြောက်လန့်စိုးရိမ်မှုမျိုးမဖြစ်ခဲ့ဖူးချေ.,.သူ့အရှေ့က ဖြူဖျော့ကာမာကျောနေသည့် မျက်နှာထားနဲ့ကောင်လေးနှုတ်မှထွက်လာမည့် စကားလုံးများအား အလွန်ကြောက်လန့်နေမိသည်။