part15

1.4K 33 0
                                    

"ကျွီ..."

အခန်းတံခါး ကိုဖြည်းညှင်းစွာဖွင့်ရင်းအခန်းထဲကမောင့်အရိပ်အခြေကို လှမ်းကြည့်လိုက်သည်။နဖူးပေါ်လက်တင်ထားပြီးခုတင်ပေါ်မှာလှဲနေသည်။ဆက်..ခပ်တိုးတိုးလေးခေါ်ကြည့်လိုက်သည်။

"မောင်..."

တုတ်တုတ်မှမလူပ်........။
ဆက်ထပ်ခေါ်ကြည့်လိုက်၏။

"မောင်..အိပ်နေတာလားဟင်"

ဘာပြန်သံမကြား...။မောင်အိပ်သွားပြီထင်ပါရဲ့..။ဆက်​ဆေးအိတ်လေးကို အသာလေးဆဲွဲပြီး အခန်းထဲသို့ဝင်သွားလိုက်သည်။
မောင့် အိပ်နေတဲ့ခုတင်ရဲ့ဘေးမှာခင်းစောင်လေးတစ်ခုခင်းပြီး ထိုင်လိုက်သည်။
မောင် နဖူးပေါ်တင်ထားတဲ့လက် မှာသွေးစို့နေတဲ့ ဒဏ်ရာ...။
"သားဆက်....တိမ်လေးလက်မှာဒဏ်ရာရထားတယ်ထင်တယ်..ဆေးလေးထည့်ပေးလိုက်ပါဦးကွယ်..တိမ်လေးကအရမ်းခေါင်းမာတာ"

ဆက်မျက်နှာဆေးထည့်ဖို့ဆေးအိတ်ယူနေစဥ် ကြီးဝေလာပြောသွားတာဖြစ်သည်။ဆက်ကိုလည်းဆေးခန်းသွားပြခိုင်းတာ မပြ၍

"အင်း...နှစ်ယောက်သားကတော့ ခေါင်းအရမ်းမာတာပဲကွယ်..အသွင်တူချက်"

ဆက်တို့နှစ်ယောက်ကို ကြီးဝေတောင်လက်ရှောင်သွားလေရဲ့...။

ဆက်မောင့်လက်ကိုညင်သာစွာကိုင်လိုက်သည်။
လက်ခုံမှာ အနာကစုတ်ပြတ်နေပြီးယောင်နေသည်။မောင်ဘာလို့ဆက် အပေါ် ဒေါသတွေပုံမချဘဲ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်နေရတာလည်း....။
မောင် ရဲ့နာကျင်မူ့ကလည်းဆက်ရဲ့နာကျင်မူ့ပါပဲ...။မောင်နာကျင်နေရသလို ဆက်လည်းနာကျင်နေရတာမောင်သိလား...။
ဆက် မောင့်လက်ကိုဆေးထည့်ပေးရင်းမျက်ရည်ကျမိသည်။
ဆက်ရဲ့မျက်ရည်ကမောင့် လက်ခုံပေါ်မှာ...။

"ဆက်....တောင်းပန်ပါတယ် မောင်ရယ်...ကိုယ့်ကိုယ်ကို မညှင်းဆဲပါတော့နဲ့.."

မောင့်ရဲ့တည်ငြိမ်နေတဲ့မျက်နှာကအိပ်နေတဲ့အချိန်မှာတောင် စိတ်ရူပ်ထွေးနေသလို မျက်ခုံးတွေကိုကျုံ့ထားတယ်...။
ဆက်မောင့်ရဲ့မျက်ခုံးတန်းလေးကို လက်နဲ့ဖြည်းဖြည်းလေး ဖိဆွဲပေးလိုက်သည်။
အချိန်ခဏလေးဖြစ်ဖြစ်မောင် ကိုစိတ်သက်သာရရစေချင်လို့ပါ....။

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now