အပိုင်း (၃၃)
ဟုတ်ပါတယ် တုလုနင်က တုပိုင်မေ့ရဲ့အမွှာမောင်လေးပါ။
ဒီအကြောင်းကိုပြောမယ်ဆိုရင် တုစုံတွဲဟာ အမွှာလေးတွေမွေးခဲ့ပေမယ့် ချီအိမ်တော်ကတော့ အမွှာလို့သိမထားလိုက်တဲ့အတွက် ကလေးတစ်ယောက်နဲ့ တုစုံတွဲကိုဖမ်းမိအပြီးမှာ တစ်ယောက်ကျန်သေးမှန်းမသိကျပဲ လိုက်မရှာကျတော့ပေ။ တကယ်တော့ တုစုံတွဲက မမွေးခင်ထဲက အမွှာလေးတွေဆိုတာကြိုသိခဲ့ကျကာ ဗိုက်ကိုအရမ်းပေါ်မနေအောင် ကြိုးစားထားခဲ့ကျသဖြင့် ချီအိမ်တော်က ကိုယ်ဝန်အကြောင်းသိသွားတဲ့အခါမှာတောင် နှစ်ယောက်လို့မထင်ထားခဲ့ကျတာဖြစ်၏။ တုစုံတွဲက ကလေးတွေကိုလွတ်လပ်စေချင်တာကြောင့် ပြေးနေရင်းတစ်နေရာစီထားခဲ့မယ်လို့ကြံစည်ကာ အငယ်ကောင်လေးကို သူတောင်းစားတစ်ယောက်ရဲ့အဝတ်စုတ်လေးအောက်မှာဖုံးထားခဲ့ပြီး ဆက်လက်ထွက်ပြေးပြီးနောက် ကျန်တစ်ယောက်ကိုလည်း ဝှက်ထားဖို့နေရာရှာနေစဥ်မှာပင်အဖမ်းခံလိုက်ကျရတာဖြစ်သည်။ တုစုံတွဲက ကလေးတွေကိုနောက်မှ ပြန်လာရှာမည့်အကြံရှိကာ ဒါမှမဟုတ်လည်း သူတို့ရဲ့အသိမိတ်ဆွေကို အကြောင်းပြီး ကလေးများကိုစောင့်ရှောက်ပေးဖို့အကူညီတောင်းမယ်လို့ ကြံရွယ်ထားခဲ့တာဖြစ်ပေမယ့် ချီအိမ်တော်က အရမ်းရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့ကျရှာပေ။ သူတို့ထင်တာက သူတို့က အခြေခံအုတ်မြစ်အဆင့်က ကျင့်ကြံသူတွေဖြစ်လို့ ပြင်းထန်တဲ့ပြစ်ဒဏ်ခံရနိုင်ပေမယ့် သတ်တော့မသတ်လောက်ဘူးလို့ပေါ့။ ပြောရရင်ဒါက ကြီးမားတဲ့သစ္စာဖောက်မှုလည်းမဟုတ်ပဲ ကလေးတွေကိုပဲ အဝေးပို့ချင်ခဲ့ကျတာလေ။ သို့သော် ချီအိမ်တော်ကတော့ သူတို့အား ဖမ်းမိတဲ့နေရာမှာပဲသတ်လိုက်ကျပြီး သူတို့ရဲ့သမီးလေးတောင်မှပဲ ကျင့်ကြံရေးမှာပါရမီပါမှန်းသိလို့ အရှင်ထားခံခဲ့ရတာဖြစ်သည်။ ချီအိမ်တော်ရဲ့အကြံက ဒီကလေးကို ချီအိမ်တော်ရဲ့လက်နက်တစ်ခုဖြစ်အောင်သွေးဖို့ပါပဲ။ ဒါပေမယ့် ချီရှောင်းက ဒီအစေခံကိုနှစ်သက်နေတဲ့အခါ လက်နက်တစ်ခုက အဲလောက်အရေးမပါဘူးလို့တွေးပြီး ချီရှောင်းပျော်စေရန်လွှတ်ထားပေးခဲ့ကျသည်။
YOU ARE READING
အမည်မဲ့ဂိုဏ်း /အမည္မဲ့ဂိုဏ္း
Fantasy21ရာစုမှ ကျင့်ကြံရေးကမ္ဘာသို့ ကူးပြောင်းခြင်းဇာတ်လမ်းတစ်ပုဒ်...။ 21ရာစုမှ ကျင့်ကြံရေးကမ္ဘာသို့ ကူးပြောင်းခြင်းဇာတ်လမ်လမ်းတစ်ပုဒ်...။