ᴄʟᴀss ᴄᴏᴜᴘʟᴇ 💬 || Sunoo

284 27 5
                                    

P.O.V of y/n ~
"ကျွန်မမှာ အတန်းဖော်တစ်ယောက်ရှိပါတယ် Kim Sunoo တဲ့ သူနဲ့ကျွန်မနဲ့ကမူကြိုကနေ အလယ်တန်းထိကျောင်းတူခဲ့တာ အလယ်တန်းတုံးကကျောင်းတူပေမဲ့အတန်းကွဲပါတယ် အထက်တန်းရောက်တော့ ကျွန်မတို့နှစ်ယောက်ကျောင်းသစ်မှာ ထပ်‌တွေ့ကြပြန်ပါတယ် သူများတွေမသိရင်ကျွန်မတို့နှစ်ယောက်က တိုင်ပင်ပြီးများလုပ်ကြလားဆိုတဲ့အထိ ထင်‌နိုင်ပေမဲ့ကျွန်မတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်စကားတောင်မပြောဖြစ်ကြပါဖူး Sunoo ကငယ်ငယ်ကတည်းကစကားနည်းပြီးစာကြိုးစားတဲ့ ကျောင်းသားတစ်ယောက်လေ ကျွန်မတို့ကအတန်းဖော်သက်သက်ပါပဲ နှစ်တွေအများကြီးတွေ့နေခဲ့တာတောင် သူငယ်ချင်းမဖြစ်နိုင်ခဲ့ပါဖူး တစ်ရက် ကျွန်မတို့အတန်းပိုင်က ကျောင်း poster နဲ့ project လုပ်ခိုင်းပါတယ် နှစ်ယောက်တစ်တွဲစီကို ဆရာမကတွဲပေးတာပေါ့ အဲ့တာကြောင့်နဲ့ပဲ Sunoo နဲ့ကျွန်မတစ်ဖွဲ့တည်းကျခဲ့ပါတယ် ဒါပေမဲ့ Sunoo က ကျွန်မကိုစကားတစ်ခွန်းမှလာမစတော့ ကျွန်မဘက်ကပဲသွားပြီးပြောရမယ်ထင်တယ်ဆိုတဲ့ အတွေးနဲ့ကျောင်းဆင်းတော့ Sunoo ကိုစကားသွားပြောခဲ့ပါတယ်
~~~~~
Y/N - "Sunoo!"

Sunoo က ရှေ့ကနေခပ်မြန်မြန်လမ်းလျှောက်နေရာကနေ ကျွန်မခေါ်သံကြောင့် လှည့်ကြည့်လာတယ်

Y/N - "project ကိုဘယ်ချိန်လုပ်မလဲဆိုတာ မေးမလို့ပါ"

Sun - "မင်းသဘောပါ"

Y/N - "ဒီနေ့ညနေဆိုရင်ရော"

Sun - "ဒီနေ့ညနေ? အခုလား"

Y/N - "အွန်း! ငါ့တိုက်ခန်းကဒီနားလေးတင် နင်လိုက်လို့ရတယ်ဆိုရင်ပေါ့"

Sun - "ရပါတယ် သွားတာပေါ့"

ဒီလိုနဲ့ Sunoo နဲ့ကျွန်မတို့ ကျွန်မတိုက်ခန်းကို လမ်းလျှောက်လာခဲ့တယ် ဘေးချင်းကပ်ရပ်လမ်းလျှောက်နေရင်း Sunoo ဆီကနေ lavender အနံ့သင်းသင်းလေးကြောင့် ပင်ပန်းနေတာတွေပျောက်သွားသလိုခံစားရတယ် Sunoo ကစကားမပြောလို့သာမပြောတာပါ သူစကားပြောရင်တော့ချိုချိုသာသာအသံခပ်အေးအေးနဲ့ယဉ်ယဉ်ကျေးကျေးပြောရှာပါတယ်

Y/N - "Sunoo ဘာစားချင်လဲ ကော်ဖီသောက်မလား"

Sun - "ကော်ဖီအေးတစ်ခွက်ဆို အဆင်ပြေပါတယ်"

𝑬𝒏𝒉𝒚𝒑𝒆𝒏 𝒐𝒏𝒆 𝒔𝒉𝒐𝒕 ♡︎Where stories live. Discover now