Chapter 16 (အချစ်နိဗ္ဗာန်ဘုံက ‌ခဏတာခုန်ထွက်ခြင်း)🔞

1.9K 82 6
                                    

Unicode Version

"မော်တော်တစီးရှိတယ် ဒီနားကကျွန်းတွေဆီ သွားလည်ကြမယ်"

နေ့လည်စာ စားရင်း သူပြောလာသော စကားကြောင့် မိုရှီက

"နှစ်ယောက်ထဲ လား"

ဟင်းက မယ်မယ်ရရမဟုတ်။ ကြက်ဉကြော်၊နဲ့ ပန်းပွင့်ကြော် နှစ်မျိုးထဲ။ နွားနို့ ကိုတော့ သူမ အတွက် ဖျော်ပေးထား သည်။ နန်းဝေ ပြင်ဆင်ထားပေး၍ အသင့်စားရုံပင်။

"အင်း၊ ဟာနာတို့က မနေ့က သွားလည်ထား တယ်"

မိုရှီ သိလိုက်သည်။ ဒီရောက်ကတဲက လေးယောက် အတူတူမစားရပေ။ သူတို့ စားချိန်ဆို မိုရှီတို့ အနားယူတဲ့ အချိန်။ လည်ပါတ်တဲ့ အချိန်။ သူတို့ နားချိန်က မိုရှီတို့ စားတဲ့ အချိန် ဖြစ်နေသည်။

"ဪ"

"ကိုယ်မောင်းမယ်၊ မင်းက ဒီအတိုင်း လိုက်ရုံပဲ"

မိုရှီ ပြုံးမိသည်။ ဒီအတိုင်း လိုက်ရုံတော့ ခေါ်သွားမှာ မဟုတ်။ အန်ရီဗယ်က သူမ ပြုံးနေတာ တွေ့တော့

"ရရှိထားတဲ့ အခွင့်အရေးကို အသုံးချရမယ် မဟုတ်လား။ ပြန်ရောက်ရင် မင်းကို ပြန်ပို့ ရတော့မယ်။ အတူတူနေဖို့က အခုလောက်ထိ လွယ်မှာ မဟုတ်ဘူး"

မိုရှီရဲ့ ဆုံးဖြတ်ချက်က ပြင်မှာ မဟုတ်။ သူမ အိမ်ပဲ ပြန်ချင်သည်။ သူများ နေရာမှာ မနေချင်ပါ။ အခုလို ဘာမှမတွေးဘဲ စိတ်ရှိတိုင်း သူနဲ့ ပျော်နေတာက ထာဝရတော့ မဟုတ်သေး။ ကိုယ့်အလုပ်နဲ့ကိုယ် ရူတ်သွားချိန် အချိန်ပေးဖို့ ခက်လိမ့်မယ်။

"ဘယ်လောက်ကြာမှာလဲ"

"တညပါပဲ၊ မနက်ဖန် မနက် ဒီကို ပြန်ရောက် မယ်"

"မော်တော်စီးမလို့လား"

တဖက် အဆောင်မှ ဆင်းလာသည့် မိုင်းမိုင်။ အဏ္ဏဝါ ဘောင်းဘီ တထည်ထဲ နှင့် အပေါ် ပိုင်း အဝတ်ဗလာ။ ဗလတောင့်တောင့် နှင့် ယောက်ျားပီသ သည့် အသွင် ကြောင့် အန်ရီဗယ်က မိုရှီကို တချက်ကြည့်ပြီး

"ဘာကိစ္စလဲ။ တော်ရုံ ဒ္အချိန်တို ဆင်းမလာ ပါဘူး"

မိုင်းမိုင်က ဧည့်ခန်း အတွင်းမှ ဆေးသတ္တာကို ရှာရင်း

ရစ်ပတ် လွယ်တဲ့ ကြိုးတချောင်း (Reflect Love)U+Z-GLWhere stories live. Discover now