အပိုင်း [၄၃]

1.7K 224 29
                                    

Unicode

အပိုင်း (၄၃)

Flashback

ဂင်ဒိုအာလီ၏ မနက်ခင်း။

လွှတ်တော် မရောက်ဘဲ ထရီဒို့ အဆောင်ဘက် ခြေလှမ်းနေသည့် အဒိုရာဟာ သိပ်စိတ်မြန်နေသည်။

' အို့။ ဒီကို ဘာကိစ္စများလဲ အရှင်။ '

မောင်နှမဆိုတဲ့ အတိုင်း ထရီဒို မျက်နှာ ဘာဖြစ်နေလဲ ဘာကို ပြောသလဲ အဒိုရာ နားလည်သည်။ လက်ထဲက အိတ်တစ်ခုကို မြင်တော့ အဒိုရာ လက်ကို ရှေ့ထုတ်ပြီး

' ဒီကိုပေးပါ။ '

အဲ့အိတ်ထဲ ဘာပုံတွေ ပါလည်း သူသိနှင့် ပြီးသား။ ကင်နဲ့ ဖိုင့်ရဲ့ ပုံတွေ။ သူလက်မခံနိုင်ဘူး။

' ရဲတွေနဲ့ ပူးပေါင်းပြီး ကျန်တဲ့ သတင်းတွေကို ရှင်းရပါမယ်။ ကျမ မပေးနိုင်ဘူး။ '

' အခုချိန်ထိ သူက ကျနော့်မင်းသားပါ။ ကွာရှင်းစာချုပ်ပေါ် ကျနော့် လက်မှတ် မတင်သရွေ့ သူက ဂင်ဒိုအာလီရဲ့ မင်းသားပဲ။ ဖမ်းမိရင် ဖိုင်ပဲ ထိမယ် ထင်လို့လား? '

' သေချာပေါက် ဒီဂိုးလ်ရောပါမှာပေါ့။ သူက ပုန်ကန်တာပဲ။ ဒါနဲ့ အရှင်က ပြည်သူတွေကို လိမ်ညာဖို့ တွေးထားတာလား? တကယ်ပဲ ဘုရင်ဖြစ်ပြီး အဲ့လို လုပ်ချင်တာလား? '

ထရီဒိုက ဘုရင့်ဘေးက ကျော်သွားသည်။ နာရီကို တကြည့်ကြည့် ပြီးတဲ့နောက်

' ဒါဆို ထုတ်ပြရုံပေါ့။ ကင့်က ပုန်ကန်သူဆို ကျနော်က ကာကွယ်ပေးခဲ့ပြီး ‌အားပေးခဲ့သူလို့ ပြောလိုက်ရုံပေါ့။ '

' ဘုရင်! '

နန်းကို ကိုယ်တိုင် ခြေနဲ့ ဆင်းမယ့် သဘော။ နေရာက အဒိုရာမှ မဟုတ်ရင် ပြိုပျက်ကုန်မှာကို သိလို့ ဒီလို စကားပြောလာတာ။

' အစ်မတော်လည်း အန္တရာယ် မကင်းနိုင်ပါဘူး။ အဲ့တော့ လက်လျော့လိုက်ပါ။ ကျနော်က ဖိုင့်ကိုပဲ ဖြိုမှာ၊ အစီစဉ် ရှိတာမို့ ဒီကိစ္စကို မျက်ကွယ်ပြုလိုက်ပါတော့။ ကင်က ကျနော့်အပိုင်ပဲ။ '

အဒိုရာက ဒေါသတွေနဲ့ ထရီဒို့လက်ထဲက ဓာတ်ပုံအိတ်ကို ဆွဲယူလိုက်သည်။ ဒီပုံတွေဟာ နောက်ဆုံး မဟုတ်မှန်း သိတောင် နန်းပေါ်က သူပါ လိုက်ဆင်းမယ်ဆိုရင် ထရီဒို လက်သင့်ခံမှာ မဟုတ်ဘူး။

MOB BOSSWhere stories live. Discover now