အကိုဂျီမင်းကအမြဲတမ်းပြုံးရွှင်နေသလို
တက်ကြွလန်းဆန်းနေတဲ့သူဖြစ်ပေမယ့်
ဒီအချိန်မှာတွေ့လိုက်ရတဲ့ အကိုရဲ့
အပြုံး၊ ရွှင်လဲ့နေတဲ့ အကိုရဲ့မျက်ဝန်းမျိုးကိုတော့သူတခါမှမမြင်ဖူးခဲ့ပါ။"ဂျင် ငါတို့သွားရအောင်!!'
"ဗျာ~~ ကျတော်ကိတ်မှန့်မစားရသေးဘူးလေဗျာ!!"
မွေးနေ့ကိတ်အဝါရောင်လေးကို နမြောတသစွာကြည့်ရင်းပြောမိတော့ နောက်မှငါဝယ်ကျွေးပါ့မယ်ကွာဟုဆိုလာတဲ့ အကိုဆိုဘင်းက သူကို ခြံအပြင်သို့ဆွဲခေါ်လာလေရဲ့။
"အာ့တော့ ကျတော်တို့က တညလုံး
ရှောင်ပေးရမှာပေါ့ အလ်ုလား?"ကားထဲရောက်ခါမှသူသိလိုရာကိုမေးတော့
တညလုံးဖြစ်ရင် ဖြစ်သွားနိုင်တယ်ဟုလည်း ဖြေလာတော့ သူမျက်ခုံးလေးတွေကြုတ်မိသွားသည်။"အကိုတို့စုံတွဲအတွက် ရှောင်ရမှာဟုတ်ပေမယ့်
ကျတော်
တညလုံး လမ်းမှာ မနေချင်ဘူး ~~""ရူးနေလို့လား လမ်းပေါ်နေရအောင်~~"
"ဒါဆို ဘယ်သွားမလိုလဲဟင်?"
"သွားစရာတွေများတပုံကြီး !!"
အကိုဆိုဘင်းကသူကိုမျက်စိတဖက်မှိတ်ကာပြောလာလေတော့ အကိုရဲ့အမျိုးအိမ်တွေခေါ်သွားလိမ့်မည်ဟုတွေးထားခဲ့တာ
နောက်ဆုံးရောက်လာသည့်နေရာက။"Oppa~~ခိခိ~~"
မိန်းမချောလေးနှစ်ယောက်နှင့်သာယာနေတဲ့
အကိုဆိုဘင်းက သူလက်ထဲ ဘီယာပုလင်းထည့်ပေးလာလေတော့ သူမှာကြောင်တောင်ဖြင့်
မော့သောက်နေမိတော့သည်။"အမယေးး~~အဟွတ်~~"
ရုတ်တရက်သူကျောပြင်နဲ့
ခါးနေရာကိုပွတ်သပ်ခံလိုက်ရလို သောက်နေတဲါ
ဘီယာပါသီးသွားမိသည်။ တရားခံကိုကြည့်မိတော့ ငယ်ငယ်ချောချော မိန်းကလေးတဦး။"Oppa အဆင်ပြေရဲ့လား?"
သူကိုအကိုဆိုဘင်းလိုပွတ်သီးပွတ်သပ်လုပ်ချင်နေပုံရတာကြောင့် လည်ပင်း၌ဆွဲထားသည့်ဆွဲကြိုးလေးထဲ ထည့်ထားမိသည့် လက်စွပ်လေးကို ထုတ်ပြမိကာ။
YOU ARE READING
JK bridegroom [ kookjin]
Fantasyလက်ထက်ခြင်းကို အချုပ်အနှောင်တခုလို့ သတ်မှတ်ထားတဲ့ playboyကောင်လေးနဲ့ မအူမလည်တောသားလေးတယောက် လက်ထက်ဖို့ ဖြစ်လာခဲ့သောအခါ။ OST for Aliee= I will show u Movie = Dulhan mial gayai [ india ]