မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်

2K 219 5
                                    

Chapter 34

မုတ်ဆိတ်ရိတ်ပေးခြင်း

သူမ မဲပေါက်သည်ကို သိသွားသောအခါ မောက်လီက ပန်းကန်အလွတ်တစ်ခု၏ ပုံကို တင်လိုက်ပြီး ထန်ချောင်းချောင်းဆီသို့ ပြန်ပို့လိုက်သည်၊ "လိပ္စာ ပို့ပေးပြီးပြီနော်... ငါစောင့်နေတယ်"

ထန်ချောင်းချောင်းက ပြန်တုံ့ပြန်ခဲ့သည်၊ "ရှင့်ကို သေချာပေါက် အရင်ဆုံး ပို့ပေးလိုက်မယ်နော်"

[ဖာခ့် မုန်းလာပြီနော်]

[ငါ့နတ်ဘုရားမလေးနှစ်ယောက်က ခင်မင်နေကြတာ... ငါငိုချင်လာပြီ]

[သူတို့နှစ်ယောက်လုံးက မြို့တော်မှာလေ... တစ်မြို့ထဲက အိမ်အရောက်ပို့ စနစ်နဲ့ ဆိုရင် မကြာခင်ပဲ ရောက်သင့်တယ်... ကြည့်ရတာ မောက်လီကပဲ အရင်ဆုံး စားရမဲ့သူ ဖြစ်မယ်ထင်တယ်နော်]

ဝေ့ရီချီကလည်း မနာလိုမှုအပြည့်နဲ့ ပိုစ့်တင်လိုက်သည်၊ " အစ္မေရ ကျွန်တော့်ကိုလည်း တစ်ကိုက်လောက်"

ဟူမြောင်သည်ပင် အမုန်းတရားအပြည့်ဖြင့် ပို့လာခဲ့သည်၊

" လုယက္ဖို့ အိမ်အရောက်ပို့ ကုမ္ပဏီကို သွားနေပါပြီ"

[ဟူမြောင်နဲ့ ဝေ့ရီချီလည်း လွဲသွားတယ်ဟေ့... ငါတော့ ချက်ချင်း စိတ္သက္သာရာ ရသွားတယ်]

[ဟူမြောင်တစ်ယောက် ခုန်ပေါက်နေမှာကို မြင်ယောင်ပါသေးတယ်... ငါလည်း ထန်ချောင်းချောင်းရဲ့ မီးဖိုချောင်ကို သွားလုချင်တယ်လို့]

[သူမရဲ့ အစားအသောက်တွေက ဘယ်လောင်တောင် စားကောင်းလို့များလဲ... သူတို့တွေက ရှိုးပြီးသွားတာတောင် အခုထိ သတိရနေတုန်းပဲ]

[ငါက ချောင်းပေါင် လုပ်တဲ့ ဘန်းမုန့်ကြော်တွေကို စားခဲ့ရတဲ့ ကံကောင်းသူလေးပါ... အဲ့အချိန်ကတည်းက ငါလည်း သကြားယုန်လေး ဖြစ်လာတာ... ထန်ချောင်းချောင်းနောက်ကို လိုက္လို့ အရွုံးမရွိပါဘူး... ရဲဘော်တို့]

ထိုသေရစာမ်ားကို ဖြစ်နိုင်သမျှ မြန်မြန် ပို့ပေးရန်အတွက် ထန်ချောင်းချောင်းက ဗီလာအတွင်းရှိ အေစခံမ်ားအားလုံးကို စုစည်းကာ ထုပ်ပိုးသည့်နေရာတွင် ကူညီပေးစေခဲ့သည်။

မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်Where stories live. Discover now