(Unicode)
"Nanon Nanon "
နားနားကို ကပ်ပြီး ခေါ်လိုက်တော့မှ မျက်လုံးလေးတွေပွင့်ကာ ခေါ်နေသူကို ကြည့်နေသည် သူကိုဒါမျိုးကိုင်ထားရင် ပုံမှန်အချိန်ဆို တွန်းထုတ်မည်ဖြစ်သည် အခုတော့ တွန်းမထုတ်ပဲငြိမ်နေတာ တွန်းမထုတ်နိုင်တာပဲဖြစ်မယ်...."Nanon ဘာဖြစ်နေတာလဲ"
"ငါ့ကို အဆောင်ကိုပြန်ချင်နေပြီ အမြန်လိုက်ပို့"
"အဆောင်ပြန်တော့ မင်းသက်သာမလား ဘာဖြစ်တာလဲ ဗိုက်အောင့်တာလား"
"အဆောင်ပဲ ပြန်ချင်တယ်"
စကားပြိုင်ပြောနေဖို့လဲ အားမရှိပေ။ဗိုက်က ပို၍ဆိုးလာတာကြောင့်..."အော် ဒီလောက်ဖြစ်နေတာတောင် ခေါင်းမာနေသေးတယ် "
"ဟုတ်တယ် ဗိုက်အောင့်နေတာ အဆောင်ကိုလိုက်ပို့ရပြီလား"
"ဆေးရုံသွားရမယ်"
"မသွားဘူး ရတယ်"
"ဒီလောက်အခြေအနေဆိုးနေတာ မသွားလို့ရမလား"
Ohm တစ်ယောက် Nanon ကိုကြည့်ပြီး ခေါင်းရမ်းမိတယ် Nanon ကို ထိုင်ခုံတွင် ပြန်မှီစေပြီး အရှေ့ခေါင်းခန်းထဲသို့ပြေးကာ ဆေးရုံသို့အမြန် သွားလေသည် ဘယ်လောက်ခေါင်းမာလဲဆိုတာ နာတာတောင် ကြိတ်ခံနေတယ် ဘယ်အချိန်ကတည်းက နာနေတာလဲ အဲ့လိုမှန်းသိရင် ဆေးရုံအရင်လိုက်ပို့မှာပေါ့ အခုတော့ သေမတတ်ခံစားနေရတာ ကိုယ်အခြေအနေကို မသိပဲ အဆောင်ကို အတင်းပြန်ချင်နေသေးတယ် ဒီလောက်ပြောဆိုရခက်တဲ့ Nanon ကို စိတ်ရှိတိုင်းသာ အော်ပစ်လိုက်ချင်ပေမယ့် တစ်ကယ်တမ်းကျတော့လဲ မအော်ရက်ပေ။ ဘယ်အချိန်ကတည်းက နာနေတာလဲကွာ ငါမသိလိုက်တာ...
" Nanon အရမ်းနာနေလား ခနပဲစောင့်ရောက်တော့မယ် နာနေရင် ဘာလို့စောစောက မပြောတာလဲ ဆိုင်မှာတုန်းကလဲ အစပ်တွေ အရမ်းစားနေတာကို အဲ့တာဟိုစီနီယာအကောင်ကြောင့်လေ မင်းကို အဆက္မပြတ် ကင်ကျွေးနေတာ အခုတော့ ဖြစ်ပြီမလား "
Ohm ကဆက်တိုက်ပြောနေပေမယ့်လဲ သူ့စကားကို Nanon မကြားပေ။ ပြောချင်ရာလဲပြော အနောက်ခန်းကို လှည့်တကြည့်ကြည့်နဲ့ မျက်ဝန်းထဲတွင် စိတ်မကောင်းမှုတွေ ဖြစ်နေလေသည် Ohm တစ်ယောက် ဒီကောင်လေးဒီလိုဖြစ်တာ သူ့အမှားမကင်းဘူးလို့ ခံစားနေရခြင်းဖြစ်သည်....ငါသာ အရွဲ့မတိုက်နေရင် Nanon ဒီလောက်ထိ ခံစားရမှာမဟုတ်ဘူး အနောက်ခန်းကို လှည့်ကြည့်တော့လဲ ထိုင်ခုံတွင်မှီကာ မျက်လုံးလေးတွေ မှိတ်ထားသော အမျိုးသားလေး တစ်ကိုယ်လုံးချွေးတွေပျံနေပြီး တော်တော်ကို နာနေပုံရမယ်