ep 18

355 25 0
                                    

tae:  မောင်ဘာလို့  ထယ့်ကို မောင့်ဖေဖေပြောတဲ့ သဘောတူညီချက်တွေ ပြောမပြခဲ့တာလဲ

jk:  ဟင်   ထယ်က. အဲ့ဒါတွေဘယ်လိုသိသွားရတာလဲ 

tae: အခုဏအန်ကယ် ပြောသွားတာပါ ထယ်မေးတာဖြေပါအုံး  ဘာလို့မပြောပြခဲ့တာလဲ မောင်

jk:  မောင် ပြောမပြခဲ့တာ ထယ့်ကိုအခက်မတွေ့စေချင်လို့ပါ  ပြီးတော့မောင်ပြောလိုက်လို့ ထယ်မောင့်ကို အထင်သေးသွားမှာ မောင်ကြောက်ခဲ့တာပါ  ထယ်စိတ်မပူပါနဲ့ appa ကိုမောင်ပြောကြည့်ပါအုံးမယ်  ဘာဘဲ ဖြစ်ဖြစ် ဘယ်လိုအတားအစီးဘဲရှိရှိ မောင်လက်ထက်မဲ့လူဟာ  ထယ်တစ်ယောက်ဘဲ ဖြစ်ရမယ်လို့ မောင်ကတိပေးပါတယ်  

tae: ထယ်မောင့်ကိုယုံပါတယ် ထယ့်ဘဝတစ်ခုလုံးပုံအော ပြီး ထယ်မောင့်ကိုယုံတာ မောင်လဲထယ့်အပေါ် နားလည်မယ်လို့ ထယ်မျော်လင့်ပါတယ် ထယ်ဒီအလုပ်ကို ဘယ်လောက်တန်ဖိုးထားမြတ်နိုးလဲ မောင်သိတယ်မို့လား ပြီးတော့ ထယ့်ဘဝရဲ့ပန်းတိုင်ကိုထယ်ကအခုမှရောက်ကာစဘဲ ရှိသေးတာလေ ထယ်ပင်ပန်းခဲ့ရတဲ့အမောတွေတောင် မပြေသေးဘူး ဒါကိုထယ်က ဘယ်လိုမျိုးစွန့်လွှတ်နိုင်မှာလဲ ဒါတွေကထယ်မောင့်ကိုမချစ်လို့ပြောတာမဟုတ်ဘူးနော် ထယ်မောင့်ကိုလဲ အသက်နဲ့တမျှ ချစ်တာပါ

jk: မောင် သိပါတယ်ထယ်ရယ် ပြီးတော့ မောင် ထယ့်ခံစားချက်တွေကိုလဲ နားလည်တယ် မောင့်ကိုရှင်းပြနေစရာမလိုပါဘူး  ပြီးတော့ ထယ်စိတ်လဲမညစ်နဲ့နော် ပျော်ပျော်နေ  ဒဏ်ရာကကော သက်သာရဲ့လား  

tae: omm. သက်သာပါတယ် 

jk: မောင့်ရဲ့ ထယ်က ချစ်စရာကောင်းလိုက်တာ.

tae: မောင်ကတော့ပိုပြီ

jk: မပိုပါဘူး ဗျာ လိုတောင်လိုသေး

tae: ဟီး  

          မောင်ပြန်သွားးပြီးတဲ့အခါ ထယ်လဲ omma တို့နဲ့အတူ ညစာစားပြီး အလုပ်လဲမရှိတာနဲ့ အိပ်ခန်းထဲသာ ဝင်လာလိုက်သည် ခဏကြာတော့ omma က နို့တစ်ခွက်ကိုင်ကာ ထယ့်ဆီရောက်လာလေရဲ့

mom:  သားလေး ရော့ ဒီမှာနွားနို့လေးသောက်လိုက်အုံး

tae: ဟုတ် omma

 Dear My King (Completed)Where stories live. Discover now